{Unicode}
"ငါမသေချင်သေးဘူး"
ရန်ကျားလိသည် ယဲ့ထင်၏ အမိန့်ပေးသံကို ကြားသောအခါ တစ်ခဏမျှ အေးခဲသွားသည်။
သူသည် မနီးမဝေးတွင် ရှိနေသော ယဲ့ထင်၏ ပင်လယ်ကဲ့သို့ အတိမ်အနက် မှန်းဆ၍မရသော မျက်ဝန်းများကို ကြည့်နေခဲ့ရင်း မသိလိုက်ဖာသာပဲ လက်မှ အရိုးနုများက နေရာမလပ် တောင့်တင်းသွားကာ လက်သည်းများပါ ဖြူဖျော့လာမတက် အိပ်ရာခင်းကို ဆုပ်ကိုင်ထားမိသည်။
ယဲ့ထင်၏ လေသံမှာ အရင်အတိုင်း အုံ့မှိုင်းနေပြီး
"ခြေထောက်ကို ကားလိုက်"
ရန်ကျားလိ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်တက်သွားသော်လည်းခြေထောက်နှစ်ဖက်မှာ လှေငယ်ထဲ နစ်မြုပ်နေသကဲ့သို့ ပြင်းပြင်းထန်ထန် လှုပ်ရှား၍ မရလာပေ။
သူသည် တတ်စွမ်းသလောက် မိမိကိုယ့်ကို ခုခံကာကွယ်ခဲ့သည်။
ယဲ့ထင်သည် ရန်ကျားလိ၏ တုံ့ပြန်ပုံကို ကြည့်နေသည်။ ရန်ကျားလိ၏ သိသာနေသော အတိုက်အခံလုပ်ခြင်းနှင့် စိတ်မသက်မသာဖြစ်နေမှုတို့အား တွေ့လိုက်ရသောအခါ နှလုံးသားထဲတွင် အောင့်သက်သက် ဖြစ်သွားရကာ ချဥ်စူးပြီး ရှတတ ဖြစ်နေသည့် နာကျင်မှုအချို့အား ခံစားလိုက်ရသည်။
ယဲ့ထင်သည် ထိုခံစားချက်များအား ချိုးနှိမ်ထားလိုက်ပြီး စိတ်နှလုံးသားထဲတွင် ရန်ကျားလိအား အတင်းအဓမ္မ သိမ်းပိုက်လိုက်ချင်သည့် စိတ်ရိုင်းများသာ တဟုန်ထိုး ခုန်ပေါက်နေခဲ့သည်။ သူ့ကိုလည်း ဆက်လက် ငြင်းဆန်မနေစေချင်သလို သူ့တစ်ယောက်တည်းကိုပဲ အားကိုးစေချင်သည်။ ထို့အပြင် ရန်ကျားလိကို အနားတွင် ချုပ်နှောင် ပိတ်လှောင်ထားလိုက်ကာ နောက်ထပ် ထွက်ခွာသွားမည်ဆိုသည့် ရူးနမ်းနမ်းအတွေးများကိုလည်း စဥ်းစားခွင့် ပေးနိုင်တော့မည် မဟုတ်ပေ။ သူသည် နှိုးဆွသလိုနှင့် အမိန့် ထပ်ပေးလာပြန်သည်။
"နောက်ဆုံးတစ်ခေါက် ပြောမယ်။ ကားလိုက်"
ရန်ကျားလိ၏ အပေါ်နှင့် အောက်သွားများသည် ခပ်တိုးတိုး ရန်ဖြစ်နေကြသည်။
![](https://img.wattpad.com/cover/287016747-288-k570430.jpg)