{Unicode}
"အတူနေခြင်းခရီးအစပြု"
ယဲ့ထင်သည် ရန်ကျားလိအား အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
ရန်ကျားလိ၏ ထိုကဲ့သို့ တလက်လက် တောက်ပနေသော မျက်ဝန်းများနှင့် မတွေ့ဆုံရသည်မှာ အတော်လေး ကြာညောင်းခဲ့ပြီ ထင်ပါသည်။
စတုတ္ထနှစ် လမ်းခွဲခဲ့ချိန်မှစ၍ ငါးနှစ်ကြာပြီးနောက် ပြန်လည်တွေ့ဆုံကြချိန်၊ ယနေ့တိုင်အောင်အထိ၊ သူ ရန်ကျားလိခန္ဓာပေါ် တွေ့မြင်ရသည်မှာ စိတ်ပျက်အားငယ်မှုနှင့် စိတ်ဓာတ်ကျခြင်းတို့သာ ပိုအားသာသည်။ လွန်ကျွံလှသည့် ဆင်းရဲဒုက္ခတရား၏ စိန်ခေါ်မှုများကို အံတုရာမှ ထွက်ပေါ်လာသည့် ခါးသီးပင်ပန်းမှုအလားပင်။
သို့သော် ယခုအချိန်မှာတော့ သူ ထိုနှစ်က ရန်ရန်ကို ပြန်လည် မြင်တွေ့လိုက်ရပြီ ထင်ပါသည်။
ကျောပိုးအိတ်လွယ်ပြီး လှေကားထစ်များပေါ် ရပ်နေရင်း ပျင်းပျင်းရိရိနှင့် သစ်ရွက်များကို ကန်နေတတ်ပြီး သူ စက်ဘီးစီးလာသည်ကို မြင်သည်နှင့် ချက်ချင်းအလျင်း တောက်ပစွာ ပြုံးလာတတ်ပြီး လက်ဝှေ့ယမ်းကာ ထင်ကောဟု ခေါ်ပြီးလျှင် ခြေလှမ်းကျယ်ကြီးနှင့် ပြေးလာတတ်သည့် သူ၏ရန်ရန်။
ယဲ့ထင်၏ မျက်လုံးများက နီရဲလာသည်။
သူသည် ရန်ကျားလိ ဆန့်တန်းပေးလာသော လက်ကို ဆုပ်ကိုင်လိုက်ပြီး အတန်ကြာသော် ရှတတလေသံနှင့်
"ကိုယ်က ယဲ့ထင်ပါ"
"ယဲ့ထင်"
ရန်ကျားလိက တစ်ခေါက်လောက် ရေရွတ်သံ ပြုလိုက်ပြီး တွေးတွေးဆဆနှင့် ဟန်ဆောင်ပန်ဆောင် ခေါင်းညိတ်ပြီး မျက်ခုံးပင့်လာကာ
"နာမည်က မဆိုးဘူးပဲ။ ငါ မှတ်ထားလိုက်ပြီ"
ယဲ့ထင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး အနားကပ်ကာ စကားပြောရန် ပြင်နေချိန်တွင် ရန်ကျားလိသည် နံဘေးမှ နှစ်ဦးစလုံး လက်မှတ်ထိုးထားသည့် ကွာရှင်းခွင့်လျှောက်လွှာကို ပြန်ယူလိုက်ပြီး ဟန်ဆောင်ပန်ဆောင်နှင့်
