{Unicode}
"အလောင်းအစား"
ရှောက်ယယ်သည် ကျောက်ရှန့်ဟိုင်၏ လက်သီးတစ်ချက်ကြောင့် ကြောင်အသွားရသည်။
သူသည် မိမိကိုယ့်ကိုယ် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် တွေးမိလာသည်။
ကျောက်ရှန့်ဟိုင်က သူ့ကိုရိုက်တယ်?
မမျှော်လင့်ဘဲ ကျောက်ရှန့်ဟိုင်က သူ့ကိုရိုက်လိုက်တယ်?
ရှောက်ယယ်သည် ၎င်းမှာ အိပ်မက်မက်နေသည်ဟုသာ ယုံလိုက်မည်။ ကျောက်ရှန့်ဟိုင်က သူ့ကို လက်ပါသည်ဆိုသည်က ယုံရခက်နေ၍ဖြစ်သည်။
ကျောက်ရှန့်ဟိုင်နှင့် သိကျွမ်းခဲ့ချိန်မှစ၍ နောင်နှစ်ပေါင်း ခုနစ်နှစ်၊ နေ့နေ့ညည ရက်ပေါင်း နှစ်ထောင်ကျော်တွင် သူသည် ကျောက်ရှန့်ဟိုင်၏ နွေးထွေးမှုနှင့် သူတစ်ပါးအပေါ် စဥ်းစားပေးတတ်မှုပေါ်တွင်သာ နစ်မြောနေခဲ့ရသည်။ ကျောက်ရှန့်ဟိုင်က လူကို ဘယ်လောက်တောင် ချစ်မြတ်နိုးပေးတတ်သလဲ။ သူ့နှလုံးသားထဲက လူကိုဆို ဘယ်လောက်တောင် နွေးထွေးပေးလိုက်သလဲ ဆိုသည်ကို သူ့ထက်ပိုပြီး နားလည်နိုင်မည့်သူ မရှိပေ။
ရှောက်ယယ်သည် မျက်နှာကို အုပ်ထားမိပြီး မျက်လုံးအပြည့် မယုံနိုင်ဘူးဟူ၍ ရေးသားထားသည်။
ကျောက်ရှန့်ဟိုင်သည် လက်သီးဆုပ်ထားလျက် အေးစက်စက်နှင့် နင့်နင့်နဲနဲ ရယ်မောလိုက်ကာ
"ငါ့ကို လက်ပါပြီး တခြားသူတွေကို ရိုက်လောက်တဲ့အထိ ဖိအားပေးနိုင်တာ၊ ရှောက်ယယ်၊ မင်းက ပထမဆုံးပဲ"
ရှောက်ယယ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အတန်ကြာသော် ခြေလှမ်းအနည်းငယ် လှမ်းကာ အတင်းတိုးကပ်လာပြီး ကျောက်ရှန့်ဟိုင်အား ကားတံခါးပေါ် ဖိချလိုက်သည်။ ထို့နောက် အံကြိတ်လျက်သားနှင့်
"ကျောက်ရှန့်ဟိုင်၊ ကျုပ်က ခင်ဗျားကို ဖိအားပေးတယ်ပြောတော့၊ ကျုပ်က စောက်စိတ်မဆိုးဘူး၊ စောက်စိတ်က မခံစားရဘူးလို့ ထင်နေတာလား"
ကျောက်ရှန့်ဟိုင်သည် မူလအစက မင်းအပြင်မှာ အနုပညာရှင်လေးတွေနဲ့ ရွတ်တီးရွတ်နောက် လုပ်နေတဲ့အချိန်မှာ ပြုံးနေတာက နွေဦးမှာပွင့်တဲ့ ပန်းပွင့်တွေထက်တောင် တောက်ပနေသေးတယ်၊ မင်းဖင်ကြီးကိုပဲ စိတ်ခံစားပါလားဟု ပြန်လည် ချေပလိုက်ချင်ခဲ့သည်။
