{Unicode}
"ကြက်သေ သေသွားသော ယဲ့ထင်"
ဖုန်းမြည်လာသောအချိန်တွင် ယဲ့ထင်သည် အစည်းအဝေးခန်းမှ ရုံးခန်းထဲသို့ ပြန်ရောက်လာချိန်ဖြစ်သည်။
သူသည် ဖုန်းလက်ခံလိုက်ဖို့ရန် အလျင်မလိုနေခဲ့ဘဲ တင်းမာနေသော မျက်နှာထားနှင့် ရုံးစားပွဲ အနောက်တွင် ဝင်ထိုင်လိုက်ပြီးမှ ဖုန်းကို ထုတ်လိုက်သည်။
စခရင်ပေါ်တွင် ပေါ်နေသည်မှာ နံပါတ်စိမ်းနှင့် ဖုန်းနံပါတ် တစ်ခုဖြစ်ပြီး ကွမ်တုန်းနယ်မြေမှ ဖြစ်သည်။
ယဲ့ထင်သည် ရန်ကျားလိကို မဖမ်းနိုင်သည့်အတွက် စိတ်အခြေအနေမှာ အတော်လေး မကောင်းလှ ရှိနေသည်။ လူကို မပွေ့ဖက် နိုင်တော့သလို သူ့အသံကိုလည်း နားဆင်ခွင့် မရတော့သည့်အခါ သူ့နှလုံးသားထဲတွင် လွန်စွာမှပင် လောင်မြိုက်လို့နေပြီး ထိုကဲ့သို့ ဖုန်းမျိုးကို လက်ခံဖြေဆိုဖို့ရန် စိတ်ကိုမဝင်စားခဲ့ချေ။ သူသည် စခရင်ပေါ်ရှိ ညာဘက် အပေါ်ထောင့်မှ အဝင်ကောလ် သတိပေးချက်ကို ကြည့်လိုက်သည် ___ဖုန်းခေါ်ဆိုလာမှုအား စျေးကွက် မာကတ်တင်းဆင်းသော နှောင့်ယှက်မှုအဖြစ် သတ်မှတ်လိုက်ပြီး ယဲ့ထင်သည် မဆိုင်းမတွ ဖုန်းချပစ်သည်။
ရန်ကျားလိသည် ဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး ယဲ့ထင်အား မည်သို့မည်ပုံ ပြောဆိုရမည်ကို တွေးတောနေရင်း တစ်ကိုယ်လုံးက တောင့်တင်းနေသည်။
မထင်မှတ်ပါဘဲ ဖုန်းက အချိန်အတော်ကြာ မြည်နေခဲ့သည့်တိုင် တစ်ဖက်မှ ဖုန်းချလိုက်သည့် တူတူတူ အသံသာ ထွက်လာခဲ့သည်။
လျိုရွှင်းလည်း နံဘေးမှာ ရပ်နေပြီး အနည်းငယ် တည်ငြိမ်စွာနှင့်
"ဖုန်းဝင်သွားလား။ ဟိုဖက်က ဘာပြောလဲ"
ရန်ကျားလိသည် ကသိကအောက်နှင့် ဖုန်းကိုချလိုက်ပြီး လျိုရွှင်းကို ပြန်ပေးလိုက်ကာ
"မကိုင်ဘူး။ ထားလိုက်ပါတော့"
လျိုရွှင်းသည် လက်ကိုင်ဖုန်းအား ရန်ကျားလိရှေ့ ပြန်ထိုးပေးလိုက်ပြီး
