{Unicode}
"လောင်ကုန်း"
ရန်ကျားလိသည် ဖုန်းချပြီးသည်နှင့် တက္ကစီစီးကာ Rong Hai သို့ ထွက်လာလိုက်သည်။
ကျောက်ရှန့်ဟိုင်၏ လေသံအား နားထောင်ရသည်မှာ အတော်လေး လေးနက်နေပုံပေါ်၍ သူ့အား အထိတ်တလန့်နှင့် စိတ်မသက်မသာ ဖြစ်စေသည်။
သူသည် တစ်လမ်းလုံး ကြံကြံရှာရှာနှင့် မှန်းဆကြည့်သည်။ မည်သို့သော အရာများ ဖြစ်သွားသည်လဲ နားဝေတိမ်တောင် ဖြစ်နေသော သူတကယ် မခန့်မှန်းနိုင်တော့ပေ။
အမြန်ဆုံးနှုန်းနှင့် Rong Hai ကို ရောက်သွားပြီးနောက် ရန်ကျားလိသည် အပေါ်ထပ်တက်ပြီး ကျောက်ရှန့်ဟိုင်၏ ရုံးခန်းထဲ ဝင်လာလိုက်သည်။
ကျောက်ရှန့်ဟိုင်သည် သူ၏ Passport ကို ပြန်ပေးလာပြီး မျက်နှာထားက အနည်းငယ် မူမမှန်ပေ။ ဝန်ထမ်းရေးရာဌာနမှ မန်နေဂျာသည်လည်း ကျောက်ရှန့်ဟိုင်၏ နံဘေးတွင် ရပ်နေကာ ရန်ကျားလိ၏ မျက်လုံးများကို အနည်းငယ် တထူးတဆန်းနှင့် စိုက်ကြည့်နေသည်။
ရန်ကျားလိသည် ပင့်သက်ရှိုက်ကာ မေးသည်။
"တကယ်ပဲ ဘာဖြစ်လို့လဲ"
ကျောက်ရှန့်ဟိုင်က စကားမဆိုဘဲ ဝန်ထမ်းရေးရာ ဌာနမှ မန်နေဂျာကသာ အရင် ခေါင်းညိတ်လာကာ
"ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်း စာချုပ် အသစ်မှာ လက်မှတ်ထိုးထားတဲ့ အနုပညာရှင်တွေနဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို တစ်စုတစ်စည်းတည်း ကိုင်တွယ်နေတာပါ။ မှတ်ပုံတင်တဲ့အခါ Passport ကိုပါ အတည်ပြုနေတဲ့ အချိန်မှာ အဝင်အထွက် ကြီးကြပ်ရေး ခန်းမကနေ ကျွန်တော့်ကိုပြောလာတယ်။ မင်းရဲ့ ဗီဇာအခြေအနေက ပြောင်းလဲနေတယ်တဲ့။ မင်းက အခု အမေရိကန်မှာ နေထိုင်ခွင့်ရဖို့အတွက် ပြောင်းလဲ လျှောက်ထားတာတဲ့"
ရန်ကျားလိက ကြောင်အမ်းသွားပြီး မျက်လုံးပြူးလျက်နှင့် မိမိ၏ Passport ကိုကြည့်လိုက်၊ ကျောက်ရှန့်ဟိုင်ကို ပြန်ကြည့်လိုက်နှင့်
"ကျွန်တော် မလုပ်ဖူးပါဘူး"
ကျောက်ရှန့်ဟိုင်၏ လက်ချောင်းက စားပွဲပေါ် ညင်သာစွာ ထိတောက်နေပြီး မျက်မှောင်ကြုတ်လိုက်ကာ
