Part - 1

3.1K 92 16
                                    

The Man The Crooked  (U+Z)

Unicode

"ပိုင်ချင်း "

ကိုယ့်ခြေသံကိုယ်ပြန်ကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ ရပ်ကွက်ထဲက
လမ်းကလေးထဲ တစ်ယောက်တည်း
လျှောက်လာခိုက် စတိုးဆိုင်လေး တစ်ဆိုင်မှ လှမ်းခေါ်သံကြောင့် သူလှည့်ကြည့်လိုက်တယ်။

"သား ပြန်လာတာမိုးချုပ်တယ်နော်"

အဖေ့ရဲ့ ညီဖြစ်သူ ...သူ့ရဲ့ဦးလေးစကားကြောင့် ပိုင်ချင်းက ဘာမှပြန်မပြောသော်ငြား မျက်ခုံးလေးတွေအလယ်မှာ စုကြုံ့သွားတယ်။ အသက် ဆယ်ရှစ့်နှစ်ကျော်ကျော် ရှိပြီဖြစ်တဲ့ လူငယ်လေးတစ်ယောက််ရဲ့အိမ်ပြန်ချိန်က အရမ်းကိုပဲ စိတ်ဝင်စားဖို့ကောင်းနေလို့လား။

"ပိုင်ချင်း အိမ်ခန်းငှါးမလို့ဆို... ဒီနေ့လာမေးတဲ့လူရှိတယ်"

"....."

"သားမရှိဘူး ခေါ်ပေးမယ်ဆိုတော့ .... မနက်ဖြန်မှထပ်လာခဲ့မယ်တဲ့"

ဦးလေး ပြောချင်တဲ့ အကျိုးအကြောင်း ကို သိပြီးနောက်သူခေါင်းလေးတစ်ချက်ဆတ်ပြကာ အိမ်သို့ဆက်ပြန်ရန် ခြေလှမ်းပြင်လိုက်တယ်။

"ကြည့်စမ်း ကြည့်စမ်း ကိုယ့်ဦးလေးပြောနေတာကို ထွက်သွားတယ်။ ဒါကြောင့်လည်း
ဒင်းကိုအရိုင်းတုံးလို့ ပြောကြတာ... လူကြီးသူကြီးကိုလေးစားရမှန်းမသိဘူး"

"တော်ပါကွာ... မပြောစမ်းပါနဲ့ ပိုင်ချင်း က
ဒီလိုပဲ နေတတ်တာ"

"ရှင့်ကိုပြောလိုက်ရင် အဲ့လိုပဲ အဲ့ဒါကြောင့်
ရှင့်တူက!"

"တော်ပါတော့ဆိုကွာ"

စွာတေးလန်ဒေါ်လေးကို ဦးလေးက အတင်းဆိုင်ထဲပြန် ဆွဲခေါ်သွားတဲ့ အသံကို အတိုင်းသားကြားနေရပေမယ့် ပိုင်ချင်းမှာ ခြေလှမ်းသာနှေးထားပြီး နောက်ပြန်လှည့်၍
ဝင်မပြောမိ။ ဒေါ်လေးပြောသည့်အတိုင်း သူက တကယ့်အရိုင်းတုံးကောင် ဖြစ်မှန်းမသိဖြစ်နေခဲ့ပြီ။ ဘယ်အချိန်တုန်းကစခဲ့လဲ
မသိပေမယ့် အခုတော့... ။

ဖြစ်ပျက်ခဲ့သမျှ ပြန်သတိရမိရင်း သူ သက်ပြင်းသဲ့သဲ့ကို သာချမိတယ်။ ထွက်ပြေးချင်သော်လည်း ထွက်မပြေးလို့မရနိုင်ခဲ့ဘူး။ သံယောဇဉ် အမျှင်တန်းတွေနှင့် ဘဝက မလှပတော့တာတောင် သူအစွဲအလန်းကြီး
ချင်နေသေးတယ်။ ရူးတာပဲ။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now