Unicode
"မင်းအလုပ်ကိုဘယ်လိုလုပ်တာလဲ... မင်းကိုယ်တိုင်တာဝန်ယူတယ်ဆ်ိုပြီးအာမတွေခံထားပြီးမှ... ရန်လင်းယံကို ဒီလိုမျိုးဖြစ်အောင် အထိခွင့်ပြုထားတာလား"
ဦးဂဟေဆက်အသံကဆေးရုံခန်းထဲမှာကျယ်လောင်လို့။ နေခမီးယံက ခန္ဓာကိုယ် တစ်ခုလုံးအကြောတွေတင်းမာနေပြီးအံတွေကိုတင်းတင်းကြိတ်ထား တယ်။
" မင်းတော်တော်အသုံးမကျတဲ့ကောင်ပဲ။ မင်းကိုယ်မင်း ငါ့ထက်တော်တယ်ဆိုတာပြချင်တယ်ဆိုရင် မင်းရဲ့ညီတစ်ယောက်ကိုတောင် အန္တရာယ်ကင်းအောင်မလုပ်ပေးနိုင်ဘူးလား။ မင်းဒီလောက်တောင်မှညံ့ဖျင်းတာလား"
စကားလုံးတွေကိုမခံနိုင်ပေမယ့် နေခမှာခေါင်းမော့ဖို့ရာသတ္တိမရှိဘူး။သူကငယ်ငယ်ကတည်းကအဖေ့ရှေ့မှာ ရန်လင်းယံလိုမျိုးလွန်ဆန်ဖူးတာမရှိခဲ့ဘူး။ သူလုပ်နိုင်တာ
အားလုံးကိုလုပ်ဆောင်နေခဲ့ပေမယ့် အမှန်တွေအမှားတွေကြားရှုပ်ထွေးနေရဆဲပဲ။ကုပ်ဖဲ့ရာတွေနဲ့ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ လင်းယံကိုလှမ်းကြည့်ရင်း သူထပ်ပြီး
မကာကွယ်နိုင်ပြန်ဘူးလို့အကြိမ်ကြိမ်ပိပိတ်ထိုးဆုံးမပစ်ချင်ခဲ့တယ်။ အဖေပြောသလိုပဲသူကအဖေ့ရှေ့မှာ လေကြီးလေကျယ်တွေပြောခဲ့မိတာများလား။" စိတ်ပျက်စရာကောင်းတယ်။ ငါ့ရှေ့မှာထုံတေတေလာလုပ်မနေစမ်းနဲ့ငါ့ဆီမှာသားနှစ်ယောက်တောင်ရှိပြီး သားနှစ်ယောက်လုံး ဖအေကိုဘယ်ဘက်ကနေဒုက္ခပေးရမလဲ
လို့ပဲစဉ်းစားနေကြတယ်။ ဘယ်တော့မှအသုံးကျလာကြမှာ လဲ""ခင်ဗျားကရောဘယ်လောက်တောင်အသုံးကျနေလို့လဲ"
ဦးဂဟေဆက် မာန်မာနကြီးစွာနဲ့ပြောဆိုနေချိန်မှာ လင်းယံဘေးနား တစ်ချိန်လုံးထိုင်နေတဲ့ပိုင်ချင်းကမခံနိုင်တော့ပဲ ဝင်ပြောလာတယ်။သူ့မျက်လုံးတွေက နာကျည်းမုန်းတီး
မူတွေပါဝင်လျက်အသံတို့ကမာထန်နေတယ်။ သားတစ်ယောက်လုံးသတိမေ့မျောနေတာမြင်နေလျက်နဲ့ စိုးရိမ်ပူပန်ဟန်မပြပဲ
အဖေ ဆိုသူက ရောက်လာပြီးတော့
နေခမီးယံကိုပဲအော်ဟစ်ကြိမ်းမောင်းနေတယ်။ တစ်ချိန်တည်းမှာ ဦးဂဟေဆက်က သူ့ကိုပြန်အော်ရဲတဲ့လူငယ်လေးကြောင့်
အံသြ မူအနည်းငယ်ရှိသွားပြီးပိုင်ချင်းကိုလှည့်ကြည့်လာတယ်။

YOU ARE READING
THE MAN THE CROOKED (COMPLETED)
AcakMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...