Part - 68(Final)

583 19 4
                                    


Unicode

ဒါကငါတို့ငယ်ရွယ်သေးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပဲ။ သတ္တိမွေးစမ်းပါ ချင်းလေး။

"ချစ်တယ်... လင်းယံ..ကမ္ဘာပေါ်က ရှိရှိသမျှအရာ အားလုံးထက်မင်းကိုပိုချစ်တယ်"

နောက်ဆုံးမှာ ပိုင်ချင်းကလင်းယံကိုသံသယ
ကင်းကင်းနဲ့ချစ်တယ်ဆ်ိုတဲ့စကားတစ်ခွန်းကို
ရဲရဲဝံ့ဝံ့ပြောရဲလာတယ်။ လင်းယံက ပိုင်ချင်း
ဆီက ချစ်တယ်လို့ပြောသံကြားရတဲ့အခါ
မိုးကောင်ကင်ယံကပန်းပွင့်ဖတ်လေးတွေ
ဖြန့်ကျက်ခံလ်ိုက်ရသလ်ို နှလုံးသားလေးဟာ
နူးညံ့ငြိမ်းအေးသွားလျက် နှုတ်ခမ်းနဲ့
မျက်ဝန်းတို့ဟာ အပြုံးပွင့်တို့ ဆောင်ယူလာ
တော့တယ်။ ဒီဘဝမှာ သူလိုချင်တာဘာမှထပ်ပြီးမရှိတော့ ဘူး ဆိုတာသေချာတယ်။

သူဟာ ပိုင်ချင်း ကို ချစ်မဝသောမျက်ဝန်းတို့
နဲ့ငေးစိုက်ကြည့်နေပြီး ပိုင်ချင်းရဲ့ လက်လေးကို ဖွဖွယူကာ နှုတ်ခမ်းလေးမှာ ဖိကပ်လို့
နမ်းလိုက်တယ်။

" ကျေးဇူးတင် ပါတယ် ချင်းလေး "

သူ့လိုမျိုး လောကကြီးထဲ ဆိုသွမ်းနေတဲ့
လူတစ်ယောက်ကို မြတ်မြတ်နိုးနိုးချစ်ပေးတဲ့
အတွက်။

" ကျေးဇူးတင်ပါတယ်"

အမှားတွေနဲ့ ပိတ်လောင်မူတွေကြားက
နှလုံးသားထွက်ပေါက်လေးဖြစ်ပေးတဲ့အတွက်။

" ကျေးဇူးတင်ပါတယ်"

အချစ်ဆိုတာ ဘယ်လိုမျိုးလဲသိခွင့်ပေးတဲ့
အတွက်ရော သူ့ကို "ချစ်တယ်"လို့ ပြန်ပြော
ပေးတဲ့အတွက်ရော ။ ဒီပျော်ရွှင်မူဟာ
သူ့ဘဝမှာ တန်ဖိုးရှိတဲ့ ဘယ်လိုအရာမျိုးနဲ့မှ
နှိုင်းယှဥ်လို့မရသလို ပိုပြီးကြီးမားနေတာမျိုးလည်းမရှိတော့ဘူး။

" ငါလည်းမင်းကို ကမ္ဘာပေါ်ကရှိရှိသမျှ
အရာအားလုံးထက်ပိုချစ်တယ်ချင်းလေး အရမ်းချစ်တယ် "

လင်းယံမျက်ဝန်းတို့က မျက်ရည်စတို့နဲ့
ဝဲစိုလို့။ဒါကို မြင်တွေ့ရတဲ့ပိုင်ချင်းမှာလည်း
နှုတ်ခမ်းတို့ပြုံးနေရင်း မျက်ဝန်းတွေ
စိုစွတ်လာတယ်။ သူတို့တွေ ဒီစစ်မှန်တဲ့
အချစ်စကားတွေ ထွက်ကျလာဖို့ အချိန်
ဘယ်လောက်တောင်မှကြာမြင်ခဲ့ရသလဲ။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now