Part - 17

336 30 6
                                    

Unicode

"မင်းကြီးလာရင် ဘာလုပ်မှာလဲ"

ဒီမေးခွန်းကလူငယ်တွေကြားထဲမှာအမြဲတမ်းလိုလိုရေပန်းစား တဲ့မေးခွန်းဖြစ်တယ်။ အထူးသဖြင့် သူတို့လို အထက်တန်းပြီးဖ်ို့
နှစ်အနည်းငယ်သာလိုတော့တဲ့ ဆယ်ကျော် သက်လေး တွေဆီမှာပေါ့။

"ငါကေတာ့ Dancerဖြစ်ချင်တယ်"

လေ့ကျင့်ရေးမစတင်ခင် တစ်စုံတစ်ယောက်အစချီလိုက်တာကို ကျောင်း Basketball အသင်းထဲရှိ ခပ်ချောချော ကောင်လေးတစ်ယောက်က ဖြေလိုက်တယ်။ ပြောရရင်သူတို့
Basketball အသင်းထဲက အသင်းသားတွေအကုန်လုံးအချောလေးတွေကြီးပဲ။ နည်းပြဆရာကလူချောတွေကြီး ရွေးခေါ်ထားသလားတောင်ထင်ရတယ်။ သို့ပေမယ့်လည်း တစ်ယောက်မှတော့ ရန်လင်းယံလို ပန်းပုပညာရှင် ထုဆစ်ထားသလိုမျိုး မလှကြဘူး။ ကိုယ့်လူကိုယ်မြောက်ပြောတာတော့မဟုတ်ပေမယ့် ဒါကအမှန်ပဲ။

"ငါ အထက်တန်းပြီးသွားရင် ရန်ကုန်သွားမှာ အဲ့မှာ သင်တန်းတွေတတ်ပြီးရင် ငါ့အိမ်မက်တွေကို အကောင် အထည်ဖော်မယ်"

Dancerဖြစ်ချင်တဲ့ကောင်လေးက ရည်မှန်းချက်ပြည့်ဝနေတဲ့မျက်လုံးတွေနဲ့ထပ်ပြောလာတယ်။ သူ့ကြည့်ရတာ
အကအပေါ်မှာလုံးဝရူးသွပ်နေသလိုပဲ။ ဘာပဲဖြစ်ဖြစ် လူငယ် တစ်ယောက်မှာဒီလိုကြီး
လာရင်ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်ရှိတာကောင်းတယ်။ တစ်ချို့ဆိုဒီအချိန်ထိ
ရည်မှန်းချက် ဆိုတာဘာကြီးမှန်းတောင်မသိကြသေးဘူး။

" မင်းရော ကြီးလာရင်ဘာလုပ်မှာလဲ"

Dancer သမားလေးကပိုင်ချင်းဘက်ကိုလှည့်မေးလာတယ်။ အသင်းသားတိုင်းသူတို့ဖြစ်ချင်တာကိုအတည်ပေါက်ကြီးဆွေးနွေးနေကြတာမို့ ပိုင်ချင်းလည်း မသိဘူးလို့
ခေါင်းမရမ်းပြချင်ဘူး။ အရင်ကတော့သူ့မှာအိမ်မက်ဆိုတာရှိတယ်။ ကြီးလာရင် တစ်ခုခုဖြစ်ရမယ်ပေါ့။ သို့တိုင်း အခုအခြေအနေနဲ့ပြောရမယ်ဆိုရင်တော့ ...

" ငါ ဘီလီယံနာကြီးဖြစ်ချင်တယ်"

"ငါရောပဲ"သူစကားကိုတစ်ယောက်ကအားတတ်သရော ထောက်ခံပြီးနောက်တစ်ယောက်ကလည်းဟက်ခနဲ ထရယ်ကာ လက်မထောင်ပြလာတယ်။ သူတို့တွေ
မငယ်တော့တဲ့အတွက်ပိုက်ဆံရဲ့တန်ဖိုးကို
သိလာကြပြီး ရှာဖွေရခက် တယ်ဆိုတာကိုလည်းသိနေကြပြီ။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now