Part - 48

278 28 2
                                    


Unicode

(၂)နှစ်ခန့်ကြာသော်....

အချိန်ဆိုတာ နာရိီဓာတ်ခဲကုန်လို့ရပ်သွားတာကလွဲရင် ဘယ်တုန်းကမှရပ်တန့်မနေဘူး။ တစ်နေ့တစ်နေ့ လုပ်ရမယ့်အလုပ်တွေကိုပုံမှန်လုပ်သွားရင်းနဲ့ပဲ အချိန်တွေကုန်လာတယ်။
အချိန်တွေကုန်လာတာနဲ့အမျှ အသက်တွေကလည်း ကြီးလာတာအမှန်ပဲ ။အခုဆို အရင်တုန်းကအထက်တန်းကျောင်းသားလေး အပျံသင်စ ပိုင်ချင်းက တက္ကသိုလ်ကျောင်းသားကြီးဖြစ်လာပြီ။ လုပ်သင့်တာနဲ့
မလုပ်သင့်တာတွေရဲ့နောက်ဆက်တွဲတွေကို တွေးခေါ်နိုင်စွမ်းရှိလာပြီ။

" Morning ပိုင်ချင်း ခဏနေ ထွက်လာမယ် "

မနက်စောစော အိပ်ယာနိုးနိုးချင်းမှာပဲ
ပိုင်ချင်းရဲ့ဖုန်းထဲ စာတစ်စောင်ဝင်လာတယ်။ ပိုင်ချင်းက အိပ်ချင်မူးတူးနဲ့ မျက်လုံးကိုမပွင့်တပွင့်ယူကြည့်ပြီး စာကိုဖတ်ပြီးနောက်
ပြန်ချထားလိုက်တယ်။ ထို့နောက်မှာ အိပ်ယာကထပြီး ပွယောင်းယောင်းဆံပင်တွေကိုသပ်ချလိုက်တယ်။ သူက တစ်ယောက်သောသူလိုမျိုး ဆံပင်တိုတွေကိုကြိုက်လေ့ကြိုက်ထ
မရှိဘူး။ သို့ပေမယ့် အရှည်ကြီးတွေကိုကြိုက်
တယ်လို့လည်းမဆိုလိုပြန်ဘူး။ သူက ပုံမှန်ယောကျာ်လေးတွေထားသလိုမျိုး မတိုမရှည်နဲ့ပုံစံကျတာလေးတွေကိုသဘောကျတယ်။ မနက်အိပ်ယာနိုးတိုင်သူလုပ်နေကျ
အလုပ်ကမျက်နှာသစ်၊ရေချိုး၊ကိုယ်လက်သန့်စင်ပြီးရင်ဆံပင်ပုံသွင်းတာပဲ။ ကျောင်းသွားဖို့ စတိုင်အပြည့်ဝတ်စားဆင်ယင်ရတာကိုလည်း ကြိုက်သေးတယ်။ ဘာလို့ဆိုသူ့မှာ
အရင်လိုပူပန်စရာတွေမရှိဘူး။အဖေရှိတယ်၊အမေရှိတယ်။ အစ်မတွေလည်းရှိသေးတယ်။ ပြီးတော့...

"ချင်းရေ ကျောင်းသွားရင်သဲသဲကိုဝင်ပို့်ခဲ့ပေးဦးနော်"

အခုသဲသဲလေးကလည်း သူတို့နဲ့အတူတူနေထိုင်တယ်။ ပိုင်ချင်းက ခေါင်းစခြေဆုံးစိတ်တိုင်းကျပြင်ဆင်ပြီးတဲ့နောက်မှာ
အခန်ထဲကထွက်ခဲ့တယ်။

"အမေ သဲသဲက ပြီးပြီတဲ့လား"

"ဦးဦးငယ် မီးမီးပြီးပြီ"

မိခင်ကိုမေးနေတုန်းမှာပဲချစ်စရာတူမလေးကကျောင်းဝတ်စုံလေးနဲ့ အပြင်ထွက်လာတယ်။ သနပ်ခါးပါးကွက်လေးကိုပါးဖောင်းဖောင်းအပြည့်လိမ်းထားပြီး ဆံပင်နှစ်ဖက်ကိုလည်း
ခပ်မြင့်မြင့်လေးစီးထားသေးတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now