Unicode
Extra - အပိုင်းတို - 1
အေးလွန်းတဲ့ဒီဇင်ဘာကချမ်းချမ်းခိုက်တုန်နေအောင်အေးတယ်။ ပိုင်ချင်းကလက်ဝါး
နှစ်ဖက်ကိုပွတ်ရင်း လက်ချောင်းတွေက်ို
ပါးစပ်နားကပ်ကာ အာငွေ့နွေးနွေးလေး မှုတ်ပေးလိုက်တယ်။ သူအခုအိမ်ထဲကခိုးထွက်လာပြီး လမ်းကြားလေးထဲက ဓာတ်တိုင်အောက်မှာရပ်နေတာဖြစ်တယ်။ ညကမှောင်နေပြီးမြူတွေကဆိုင်းကာ လေထုက အေးစိမ့်နေပေမယ့် အချစ်ရဲ့လှုံ့ဆော်နိုင်စွမ်းနဲ့တစ်ကိုယ်လုံးမှာမျက်နှာလေးပဲ မြင်ရသည်အထိဖုံးအုပ်ပြီး အပြင်ကိုထွက်လာခြင်းဖြစ်တယ်။နာရီကိုကြည့်လိုက်တော့ ညဆယ်နာရီကိုညွှန်ပြနေပြီ။အခုထွက်လာပြီဆိုပြီးတော့
မရောက်လာသေးတဲ့ရန်လင်းယံကိုသူပိတ်အော်ပြီးသာဆဲပစ်ချင်တယ်။ဒီလိုအေးခဲတဲ့ညကြီးမှာ သူ့ကိုအပြင်ထွက်ခိုင်းရတယ်လို့။ တစ်နေကုန်အားနေတုန်းက ကျတော့လာ
မတွေ့ပဲနဲ့လေ။ ဟောပြောရင်း ရောက်လာပြီ။
လင်းယံကကားထဲကလောင်းကုတ်အရှည်ကြီးကိုဝတ်ပြီး လည်ပင်းမှာတော့လည်ပတ်ကလေးဝတ်ကာထွက်လာတယ်။ သူ့ကောင်းလေး မို့ပြောတာမဟုတ်ဘူး ရန်လင်းယံက
ဒီလိုရိုးရိုးလေး ဘာမှထွေထွေထူးထူး
မပြင်ဆင်ထားတာတောင် အရမ်းချောတယ်။"ဘာလို့ညကြီးမှလာတွေ့ချင်ရတာလဲ"
ပိုင်ချင်းက သူ့အကြာကြီးစောင့်လိုက်ရလို့
ဆူပုတ်ပုတ်နဲ့ရန်တွေ့လိုက်တယ်။ သို့ပေမယ့် ဒေါသထွက်နေတာတော့မဟုတ်ဘူး။
ဒီအတိုင်းအချော့ခံချင်တာဖြစ်တယ်။"ဒီနေ့ပြီးရင်နောက်နေ့မနက်ဆိုနှစ်သစ်ရောက်ပြီလေ။ နှစ်ကုန်ကနေနှစ်သစ်အထိမင်းနဲ့အတူတူရှိချင်တယ်"
ပြောပြီး လင်းယံကအပိုယူလာတဲ့လည်ပတ်လေးကို ပိုင်ချင်းလည်ပင်းမှာပတ်ပေးလိုက်တယ်။ လည်ပတ်က နက်ပြာရင့်ရင်လေးမို့ ဝတ်လိုက်တဲ့အခါနွေးပြီးအရမ်းလှတယ်။
ပိုင်ချင်းကလင်းယံဝတ်ပေးတာကိုငြိမ်ခံနေပြီး နှာခေါင်းလေးကိုရှုံ့ပြလိုက်တယ်။အပိုတွေတအားလာပြောနေတယ်ဆိုပေမယ့်
သူကအခုဆိုဒီလိုအပိုစကားတွေကိုပဲ အမြဲတမ်းကြားချင်နေတယ်။ ဆောင်းညကအေးပေမယ့် ကြယ်တွေကတောက်ပပြီး
မီးရောင်အောက်ကကောင်းလေးနှစ်ယောက်ရဲ့ ထွေးဖက်ထားမူကြောင့် တိုးမပေါက်ဘူး
ဖြစ်နေတယ်။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...