Part - 6

539 49 6
                                    

Unicode

သူက ယောကျာ်လေးတစ်ယောက်ကို ကြိုက်တယ်တဲ့လား။ ရယ်စရာကောင်းလိုက်တာ။
ရှန်ခန့် သူ့ကိုယ်သူသိပြီးနောက် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်သလို ပိုင်ချင်းကိုလည်း သွားမတွေ့ရဲဖြစ်နေခဲ့တယ်။ ဘယ်လိုရှေ့ဆက်ရမလဲ သူ မသိတော့ဘူး။ ပိုင်ချင်းက သူမဟုတ်တဲ့တစ်ခြား တစ်ယောက် က်ို မျက်စိကျနေတာမြင်ရတာ သူ့ရင်တစ်ခုလုံး
ကိုမီးစနဲ့ထိုးသလိုပူလောင်သွားစေတယ်။
ဒါကပိုပြီး သူ့ကိုယ်သူဂေးဆိုတာလည်း
သိသွားစေခဲ့တယ်။ ရူးချင်တာပဲ။

"ကလင်း ကလင်း"

ဒါပေမယ့်လည်း လုပ်ဆောင်နေကျပုံမှန်
အတ်ိုင်း အချိန်က်ိုရောက်လာတော့ ကျောင်းသွားဖို့သူပိုင်ချင်းတို့ အိမ်ရှေ့မှာ စက်ဘီး
ဘဲလ်တီးလိုက်တယ်။ ဘဲလ်တီးပြီး ဆယ်မိနစ်လောက်ထိ အထဲကလူမထွက်လာတော့မှ သူ ခြံတံခါးသော့ကိုကြည့်မိလိုက်တယ်။ သော့ခတ်သွားပြီပဲ။ မနေ့က သူမုန့်အမိုက်ပုံးထဲပစ်လိုက်တာကိုအခုထိ မကျေနပ်သေးလို့လား။ သူ့ကိုမစောင့်ဘဲ ကျောင်းကို
အရင်သွားခဲ့တယ်ပေါ့။ မင်းဘယ်လိုတောင် လင်းယံ ဘက်ပါနေရတာလဲ။

ရှန်ခန့် သက်ပြင်းပူတောင်မချနိူင် ရင်ထဲတင်းကျပ်နေရင်း ကျောင်းကိုလာခဲ့လိုက်တယ်။ ယောကျာ်လေး တစ်ယောက်ကို
သူကသဘောကျ သတဲ့။ ဘယ်လိုမှ လက်ခံ
နိူင်ချင်စရာ မရှိပေမယ့် အဲ့ဒါက လင်းပိုင်ချင်းသာဆို သူအဆင်ပြေ မယ်လို့ထင်တယ်။
ဒါကိုပဲသူတစ်ညလုံးတွေးနေခဲ့မိတယ်။
ပိုင်ချင်းရဲ့နှုတ်ခမ်းလေးကိုလည်းစိတ်ထဲမှန်းကြည့်တယ်။ မရွံရှာပဲနဲ့ ဖုဖုဖောင်းဖောင်းလေးမလို့ပိုပြီးတောင် နမ်းချင်း သွားသေးတယ်။ ဘာကြောင့်လဲ... ငယ်ရွယ်တဲ့အသက်မို့ သူ စိတ်ဖောက်ပြန်နေတာလား။

ဝိရောဓိများစွာနဲ့ သူရှုပ်ထွေးနေရင်းကျောင်းကိုရောက်လာခဲ့ တယ်။ အဲ့ဒီအချိန် ကျောက်ပေါက်ဝမှာမြင်လိုက်ရတဲ့မြင်
ကွင်းက သူ့ကိုအသက်ရှူရပ်တန့်သွားစေခဲ့တယ် ။ သူ့မျက်နှာကိုရုတ်တရက်ထမင်းရည်ပူနဲ့အပက်ခံလိုက်ရသလိုပဲ ။

ဒီခွေးမသား ရန်လင်းယံက ဘာလို့ပိုင်ချင်းကို ပုခုံးပေါ်ထမ်းထားရတာလဲ ။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now