Part - 18

337 33 6
                                    

Unicode

"မသွားပါနဲ့ "

ဘာကိုမှထည့်ထွက်စဉ်းစားခြင်းမပြုမှီ
ပိုင်ချင်း က လင်းယံကို ထွက်မသွားဖို့
လိုက်တားချင်ခဲ့ပေမယ့် ရှန်ခန့်ကသူ့လက်ကို
အမိအရဖမ်းဆွဲပြီး သနားဖွယ်မျက်လုံးတွေနဲ့ကြည့်လာတဲ့အခါ သူဘာလုပ်ရမယ်မသိ
ဖြစ်သွားတော့တယ်။

" ပိုင်ချင်း ငါ ဒီကိုဘယ်တော့လောက်မှ နောက်တစ်ခေါက် ပြန်လာဖြစ်မယ်ဆိုတာ
မသိဘူး "

လင်းယံနောက်ကို လိုက်သွားချင်တဲ့စိတ်ရယ် နေခဲ့ချင်တဲ့ စိတ်ရယ်မှာ လိုက်သွားချင်တဲ့စိတ်တွေ က ပိုမဲသာနေပေမယ့် ရှန်ခန့်ရဲ့တုန်ယင်နေတဲ့ အသံကြောင့် သူ ဇဝေဇဝါဖြစ်ကာ အတင်းဇွတ်ရုန်းပြီးထွက်မသွားချင်တော့ဘူး။ ရန်လင်းယံက သူ့ကို ခဏတဖြုတ်စိတ်ဆိုးသွားရုံသာဖြစ်လိမ့်မယ်။ သူက
ဒီလိုပဲ စိတ်ဆိုးတတ်တာဖြစ်ပြီး ခဏတဖြုတ်နှင့်စိတ်ပြေသွားတတ်တယ်ဆ်ိုတာ အတူနေတာကြာလာတာကြောင့် သူသိလာ တယ်။
ဆိုတော့ အိမ်ပြန်လာမှ သေချာလေးချော့
လိုက်ရင် ဖြစ်တာပဲ။ တကယ်ကြီးကျောင်းပိတ်ရက်မှာ အိမ်ပြန်မလာပဲ မနေလောက်ပါဘူး ။လင်းယံမှာသူ့အိမ်က လွဲရင်တစ်ခြားသွားစရာနေရာမှမရှိတာ။ ပြီးတော့အခုက ပိတ်ရက်မရောက်သေးဘူး လင်းယံကသေချာပေါက် ပြန်လာမှာပါ။ ဒီလိုတွေးလိုက်တော့ လေညွှန်ရာ အလင်းရောင်လေး နောက် အပြေးလိုက်သွားချင်တဲ့ စိတ်ကို
ထိန်ချုပ်လိုက်နိုင်တယ်။

"အမေ က ငါ့ကို လားရှိုးက အဖိုးတို့အိမ်ကို ပို့လိုက်တယ်။ ကျောင်းလည်းအဲ့မှာပဲတတ်ရတော့မယ်။ ငါမသွားချင်ဘူးလို့ ဘယ်လောက်ပဲပြောပြော အမေကလက်မခံဘူး.... ပိုင်ချင်း
အဲ့နေ့က ငါတောင်းပန်ပါတယ်... ငါမသွားခင်ပြောခဲ့ချင်ပေမယ့် ငါအိမ်ထဲကအိမ်ပြင်တောင်ထွက်ခွင့်မရခဲ့ဘူး "

ရှန်ခန့် က သူ ချီတုံချတုံဖြစ်နေသည်ကို သိကာ စကားကို ခပ်မြန်မြန် ဆိုရင်း လက်တွေကပိုတင်းကြပ်လာတယ်။ အကယ်၍ ဒီနေ့မှာသာရှန်ခန့်က ဒီစကားမပြောခဲ့ရင် ပိုင်ချင်း
ထိုနေ့က အဖြစ်အပျက်ကိုမေ့သလိုလိုတောင်ရှိနေခဲ့ပြီး သူတ်ို့တွေကြားမှာ ဒါကိုမဖြစ်ခဲ့သလိုတောင် ထားလိုက်မိမှာ ဖြစ်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now