Part - 56

308 27 4
                                    

Unicode

"အထဲဝင်တော့လေ "

"မင်းသွားပါ"

သူတို့နှစ်တွေအကြာကြီးကွဲကွာနေခဲ့ကြတာ။ အခုချိန်မှာ တကယ်ကို လက်တွေမလွှတ်ပေးလိုက်ချင်ဘူး။

" အိမ်ထဲမှာဘယ်သူရှိလဲ"

"အဖေနဲ့အမေရှိတယ်"

"ဟုတ်လား...တစ်ခါတည်းလိုက်ဝင်ခဲ့မယ်လေ"

"အား..မရဘူးလေ"

ဒါကပိုင်ချင်းရဲ့အားမပါတဲ့ငြင်းဆိုသံလေးဖြစ်တယ်။သူတို့တွေလက်တွေကိုဆုပ်ကိုင်ကာလွဲနေပြီး မခွဲခင်ကတည်းက လွမ်းနေရ
သလိုတစ်ယောက်ကိုတစ်ယောက်ကြည့်နေမိကြတယ်။ လင်းယံက စိတ်မရှည်လာတော့ သူကလက်ကို သူ့ဘက်သို့အားနဲနဲထည့်ကာဆွဲလိုက်ပြီး ပိုင်ချင်းကို သူ့ရင်ခွင်ဆီရောက်လာစေလိုက်တယ်။

"ဘာလုပ်တာလဲ... အမေတို့မြင်သွားလိမ့်မယ်"

ပိုင်ချင်းကသူ့လုပ်ရပ်ကြောင့် အလန့်တကြားနဲ့တိုးတိုးတိတ်တိတ်ကြိတ်ကာရန်တွေ့တယ်။ သူ့အသံက လူမိမှာ အရမ်းကြောက်နေပုံပေါ်ပြီး ဘေးဘီကိုမျက်လုံးကစားနေတာမို့
လင်းယံအမြင်မှာ ပိုပြီးစချင်လာအောင်ဆွဲဆောင် နေသလိုဖြစ်နေတယ်။ ဒါကြောင့်
သူက ပိုင်ချင်းရဲ့ ပါးနှစ်ဖက်ကိုဆွဲညစ်ပြီး
ဖူးထွက်လာတဲ့နှုတ်ခမ်းလေးကို နမ်းဖို့လုပ်တယ်။ ပိုင်ချင်းမှာ နှုတ်ခမ်းလေးရန်ရှာခံရတော့မှာကိုသိတာကြောင့် မျက်လုံးပြူးပြူးလေးက ဂနာမငြိမ်ပိုဖြစ်လာတော့တယ်။
ထိုချိန်လူတစ်ယောက်ရဲ့အသံနဲ့အတူတံခါးဖွင့်သံက အချိန်မဆိုင်းပဲထွက်ပေါ်လာတယ်။

" ဘယ်သူတွေလဲ? "

နှစ်ယောက်သားရဲ့ ထိလုဆဲဆဲနှုတ်ခမ်းတွေက ချက်ချင်းလိုဝေးသွားကြပြီး ပိုင်ချင်းက လင်းယံကို တွန်းကာအမြန်ထွက်သွားစေလိုက်တယ်။ လင်းယံကလည်းစက်ဘီးကို
အမြန်ဆွဲယူနင်းကာအကွယ်ကိုပြေးရတယ်။ ရည်းစားထားရတာတကယ်ကိုဂယက်တွေပဲ။ အကွယ်အရောက်လင်းယံကပိုင်ချင်းကိုပြန်ချောင်းကြည့်တော့... ပိုင်ချင်းအဖေထွက်လာတာဖြစ်ပြီး ပိုင်ချင်းကစိတ်လှုပ်ရှားစွာနဲ့သမင်လှည်ပြန်ကြည့်ကာ အိမ်ထဲကိုဝင်သွားတယ်။ ဒီတော့မှလင်းယံလည်း သက်ပြင်းချနိုင်ပြီး နှုတ်ခမ်းတွေပြုံးကာ ညလေးအေးအေးမှာ
အချစ်ရဲ့အရသာကိုခံစားရင်း အိမ်ကိုပြန်ခဲ့လိုက်တယ်။ ဒီလိုမျိုးစိတ်လှုပ်ရှားစရာကောင်းပြီး ရရှိလာတဲ့ပျော်ရွှင်မူမျိုးကို
သူလင်းပိုင်ချင်း တစ်ယောက်တည်းနဲ့သာခံစားနိုင်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now