Unicode
" မင်း ငါ့ဆီကရချင်တာ ဘာများ လဲ ၊ ငါပေးဖို့ရှိနေတာဆ်ိုရင် မင်းအကုန်ယူသွားလို့ရတယ်"
ပိုင်ချင်းရဲ့အေးစက်စက်စကားကိုကြားတဲ့အခါမှာ လင်းယံ မျက်ဝန်းအိမ်တွေအနဲငယ်ကျဉ်းမြောင်းသွားပြီး ရွယ်ထားတဲ့
သူ့လက်တွေအကုန်ဖြေလျော့ပေးလိုက်တယ်။ ခဏအတွင်းမှာပဲ အခြေအနေကို သူနားလည်လိုက်ပြီး လင်းယံက ပိုင်ချင်းကို သူ့ရင်ခွင် ဆီအသာလေးဆွဲကပ်ကာ နှုတ်ခမ်းတွေသပ်ရင်း စိတ်လှုပ်ရှားမူတွေနဲ့ မရေမရာပြောလာတယ်။"မယုံနဲ့ အဲ့ဒီမိန်းမကမဟုတ်တာတွေလျှောက်ပြောနေတာ၊ မင်းက ငါ့ကိုပဲ ကြည့်ပြီး ငါ့ကိုပဲယုံရင်ဖြစ််တယ်"
အကယ်၍ အသံဖိုင်ကိုသာမကြားခဲ့ဘူးဆိုရင် ကတုန်ကယင် ဖြစ်နေတဲ့လင်းယံစကားသံကြောင့် သူက အလွယ်တ ကူ ပဲ ထပ်ပြီး ဘာမှန်းမသိတဲ့ဆက်ဆံရေးမှာပျော်မွေ့နေမိအုံးမှာပဲ။ ပိုင်ချင်းက နှုတ်ခမ်းအတွင်းသားတွေကိုသွားတွေနဲ့ကြိတ်ကိုက် ထားပြီး ပြည့်လျှံ တတ်လာတဲ့နာကျင်မူတွေကြောင့် လင်းယံကိုတွန်းထုတ်ပစ်လိုက်တယ်။
" မင်းကိုယုံရင်ဖြစ်တယ်ပေါ့... ဘာခွေးစကားတွေလာပြောနေတာလဲ"
ပြီးနောက် စူးနင့်စွာ အော်ချပစ်လိုက်တယ်။ လမ်မအလယ်ပဲဖြစ်ဖြစ် လူပုံအလယ်ပဲဖြစ်ဖြစ် ဂရုစိုက်မိဖို့ကိုသတိမရတော့ဘူး။
ဒီလူသူ့ကိုမချစ်ဘူးဆိုတဲ့အချက်က ဖော်ပြလို့မရတဲ့ ခံစားမူတွေများစွာဖြစ်ပေါ်လာစေတယ်။ နှာခေါင်းထိပ်ကို ရောက်ရှိလာတဲ့
ငိုချင်စိတ်ကလည်းယောကျာ်းတန်မဲ့
အရှက်မရှိလိုက်ပုံများ... ချက်ချင်းကိုစူးတတ်လာတာပဲ။"ပိုင်ချင်း "
လင်းယံက ပိုင်ချင်း လက်တွေကိုင်ထားဖို့ ကို လှမ်းနေဆဲ။ ပိုင်ချင်းကနောက်ဆုတ်ကာလက်ကိုဝေ့ရမ်းပြီး ရှောင်လိုက်တယ်။ သူက ပွင့်လင်းတဲ့စာရိုက်ရှိပြီး စိတ်ထဲဖြစ်ပေါ်လာ
သမျှတွေကိုဖုံးကွယ်တတ်တဲ့သူမဟုတ်ဘူး။"မင်း!ကောင်ပြီ ငါမေးမယ်။ မင်းတစ်ခါလောက်ဖြေစမ်းပါ...ငါ့ကိုချစ်လား... မင်းငါ့ကိုတစ်ချိန်လုံးလုပ်နေတာ ငါ့ကို ချစ်လို့လား မင်းအာသာဖြေဖို့လားလို့"
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...