Part - 51

295 34 2
                                    

Unicode

"နှစ်နာရီနဲ့ လေ့ဆယ့်ခြောက်စက္ကန့်၊ နှစ်နာရီနဲ့လေ့ဆယ်ခုနှစ်စက္ကန့်၊လေ့ဆယ့်ရှစ်.... ချီးပဲဟေ့ မရောက်လာသေးဘူး။ ခေါင်းဆောင်ငါတို့ကိုသတ်တော့မယ်"

ကစားတာတော်လွန်းတဲ့လူသစ်ရပြီဆိုကာ အရမ်းပျော်ရွှင်နေကြတဲ့အသင်းသားတွေ အခုတော့ပြာယာခပ်ကုန်ကြပြီ။ ဒီထဲမှာမြင့်မြတ်သွေးကဖင်ပူအောင်တောင်မထိုင်နိုင်ဖြစ်နေပြီး ပိုင်ချင်းမျက်နှာကိုလည်းခိုးခိုးလှမ်းကြည့်နေတယ်။ ပိုင်ချင်းက သူတို့ဖြစ်နေတာတွေကိုသိပေမယ့် ဒီအတိုင်း သာမာန်
ဖြစ်အောင်သာနေနေတယ်။ ရန်လင်းယံက ချိန်းထားတဲ့ အချိန်ကိုရောက်အောင်မလာဘူး။ သူ့အတွက်တော့ဒါက ဆန်းကျယ်တဲ့အရာမဟုတ်ပေမယ့် တစ်ခြားလူတွေ
အတွက်တော့ စိတ်လှုပ်ရှားစရာဖြစ်နေမှာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကသူ့ကိုယ်သူမြင်ယောင်မိတယ်။ ပွဲတွေကစားတိုင်း ရန်လင်းယံဘယ်နေရာကများပေါ်လာမလဲလို့ ရှိရှိသမျှသော နေရာပတ်ပတ်လည်ကိုလိုက်ကြည့်နေခဲ့တာ။ ကစားပွဲကိုတောင်အာရုံ
မစိုက်နိုင်ဘူး။ အချိန်တစ်ခုရှိသွားပြီ။ ဒါတောင်မှပဲရန်လင်းယံက သူ့အရင်ပုံစံမတိုင်း
ဘာကိုမှအရေးမထားပဲရှိနေတုန်းပဲ။ ပေါ့ပျက်ပျက်နဲ့။ ဘာမှလည်းမပြောင်းလဲန်ိုင်ပဲနဲ့ ဘာကြောင့်များသူ့ကိုပြန်တွဲရအောင်ဆိုတဲ့စကားကိုလာပြောရဲတာလဲ။ 'သူမှားပါတယ်...
သူတောင်းပန်ပါတယ် 'လို့တစ်ခွန်းတောင်
မပြောပဲနဲ့လေ။ ရယ်စရာကောင်းချက်ပဲ။ အရှက်မဲ့တယ်ဆိုတဲ့စကားကို သူ့အတွက်သီးသန့်ထုတ်ထားပေးမယ်ဆိုရင်တောင်
မလုံလောက်ဘူး။

" ဓာတုက ကောင်တွေလာပြီ"

သူတို့ပြာယာခတ်နေကြစဉ်မှာ ပြိုင်ဖက်အသင်းကရောက်ရှိလာတယ်။ မနှစ်က နောက်ဆုံးဗိုလ်လုပွဲမှာပိုင်ချင်းက
ဂ်ိုးတွေဆက်တိုက်သွင်းပစ်ခဲ့တာမို့ ပြိုင်ဖက်အသင်းက ရှုံးနိမ့်သွားခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဓာတုကဗိုလ်စွဲလာသမျှပိုင်ချင်းရောက်လာမှဖြုတ်ခံလိုက်ရတာကြောင့် သူတို့ဘက်ကတော်တော်ဒေါပွနေကြပြီး ခုလိုကျောင်းဖွင့်ဖွင့်ချင်းမှာပဲ ချိန်းပွဲ ဖြစ်လာရခြင်းဖြစ်တယ်။ ချိန်းပွဲဆိုတာကြောင့်သိပ်တော့အရေးမကြီးလှပေမယ့် ယောကျာ်း တ်ို့သွေးဆိုတာ ပွဲ ဘယ်လောက်သေးသေးအနိုင်အရှုံးက သူတို့ရဲ့သိက္ခာဖြစ်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now