Part - 7

426 46 4
                                    

Unicode

အိမ်ရောက်ရောက်ချင်းပဲ ကျောပိုးအိတ်ကိုပစ်ချပြီး ပိုင်ချင်းတစ်ယောက် ပေါင်မုန့်ရှပ်လေးကိုထုတ်လိုက်တယ်။ ပြီးတော့ နို့ဆီများများလေး သုတ်လိုက်ပြီး မမဆုကြော်ပေးသွား တဲ့ကြက်သားမွမွလေးတွေကို အပေါ်ကဖြူးလိုက်တယ်။ထပ်ပြီးအပေါ်က ပေါင်မုန့်ရှပ်ကလေးကိုထပ်တင်လိုက်တယ်
ဆိုရင်ပဲ တစ်ခဏအတွင်းမှာ ဖြူဖွေးဖွေးစားချင်စဖွယ် ပေါင်မုန့်ညှပ် ကလေးဖြစ်သွားတော့တယ်။ ပိုင်ချင်း သူလုပ်ထားတဲ့ ပေါင်မုန့်ညှပ်လေးကို သူ့ဟာသူကြည့်ပြီး
ပီတိဖြစ်လို့သွားရတယ်။ သူ့အတွက်သူတောင် ဒီလိုမျိုးစိတ် ရှည်လက်ရှည်တစ်ခါမှ လုပ်မစားခဲ့ဖူးဘူး ။ သူ လင်းယံကို
ဒီဟာလေးသာသွားပေးလိုက်ရင်ဘယ်လိုနေမလဲ။ ကျေနပ်ပြီး ရွှင်မြူးနေ မယ့်အပြုံးလေးတွေကိုမြင်တွေ့ရမှာလား။

အချိန်ဆိုင်းမနေပဲ ခပ်မြန်မြန်လေး လင်းယံနေတဲ့အိမ်ဘက်ကို သူအပြေးကလေးကူးသွားလိုက်တယ်။

"မ က ဘယ်သွားချင်လို့လဲ.... ဟားဟား...စိတ်ထိန်းပါဦးမရာ မောင်ကခုထိအသက်တောင်မပြည့်သေးဘူးလေ။မောင့်
ဟာလေးကိုအသက်ပြည့်တဲ့ထိတော့စောင့်ထိန်းပါရစေဦး.. ဟက်ဟက်... သေချာတာပေါ့... သေချာတာပေါ့...မောင်အသက်ပြည့်တာနဲ့ မောင့်အကောင်ပေါက်လေးပထမဆုံးဝင်အောင်းမယ့်တွင်းက မ ရဲ့တွင်းလေးပဲဖြစ်မှာ...တကယ်ပါဆိုဗျာ... မလိုတော့ပါဘူး နောက်နှစ်ဆို...."

သူ့ရည်းစားနဲ့ဖုန်းအားရပါးရပြောနေတဲ့
လင်းယံ တံခါးပေါက်မှာ လာရပ်နေတဲ့
ပိုင်ချင်းကိုမြင်လိုက်ရတာကြောင့် တစ်ဖက်ကို တိုးတိုးလေးကပ်ပြောပြီး ဖုန်းချလိုက်တယ်။ ဘာစကားတွေကို ကြားလိုက်ရတာလဲ။ ပိုင်ချင်းမှာတံခါးပေါက်ဝမှာ တောင့်ခဲလို့
ခန္ဓာကိုယ် ကလှုပ်ရှားဖို့မေ့ကာ ကျက်သေသေသွားတယ်။ သူဟာ အသက်ပြည့်ပြီးတဲ့ဆယ့်ရှစ်နှစ်ကျော်လူငယ် တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ဘယ်တုန်းကမှ
သူစိမ်းမိန်းကလေးတစ်ယောက်နဲ့ ဒီလို အောက်ပိုင်း ကိစ္စ တွေမပြောခဲ့ဖူးဘူး။

"ဘာလဲ"

ရှေ့တိုးလာပြီး မျက်ခုံးတွေပင့်လို့ လင်းယံက ဘာမှမထူးဆန်းသလိုမျိုး မေးတယ်။
ပိုင်ချင်း သတိလက်လွတ်ဖြစ်သွားရာက မျက်လုံးတွေ ရွေ့လျားရှောင်ရှားရင်း လက်ထဲကပေါင်မုန့်ကို လင်းယံလက်ထဲထိုးပေးလိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ
လင်းယံရှေ့က ခြေလှမ်းကျဲတွေနဲ့ ထွက်ပြေးခဲ့တော့တယ်။ 'မောင့်အကောင်ပေါက်လေးပထမဆုံးဝင်အောင်းမယ့်တွင်းက မရဲ့တွင်းလေးပဲ ဖြစ်မှာ 'ဒါ ဘယ်လိုစကားလဲ။
ပိုင်ချင်း သူနေတဲ့အိမ်ဘက် ပြန်ရောက်တာနဲ့ စိတ်ငြိမ်ဖို့ရာထိုင်ခုံမှာ ခဏဝင်ထိုင်လိုက်
ရတယ်။ လင်းယံကအတန်းမှန်မှန်တတ်ခဲ့တာမို့ ခုချိန်ဆယ့်ခုနှစ်လောက်ပဲရှိအုံးမှာဆိုပေမယ့်....တကယ်ပဲနောက်တစ်နှစ်ဆို... ။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now