Part - 9

383 41 7
                                    

Unicode

" ဘာလို့ထမင်းကို တို့စိတို့စိနဲ့စားနေတာလဲ...မစားချင်ဘူးလား။ မနက်စာကိုကောင်းကောင်းစားရမယ်လို့ အမေပြောထားတယ်လေ နားမထောင်ဘူးလား"

မနက်စာထမင်းဝိုင်းမှာ ရှန်ခန့်အစာ စားဖို့စိတ်မပါလက်မပါဖြစ်နေတာကြောင့် သူ့အမေကဆူနေခြင်းဖြစ်တယ်။ သူ ဒီရက်ပိုင်းဘာကိုမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ စိတ်က လူနဲ့အဝေးဆုံးကိုရောက်ရောက်သွားနေတယ်။ သူ့ကိုယ်သူ ယောကျာ်းလေးတွေကို သဘောကျနေတယ်ဆိုတာ လက်ခံဖို့ခက်ခဲနေတဲ့အချိန်မှာပဲ မိဘတွေသိသွားရင်ဆိုတဲ့ အတွေးနဲ့ရူးချင်သလိုတောင်ဖြစ်နေတယ်။ ဒါ့အပြင် ပိုင်ချင်း
...ပိုင်ချင်းကိုကာကွယ်ပေးချင်တယ်။ သို့ပေမယ့် သူ့မှာ ဘယ်လိုသန်မာမူမှရှိမနေဘူး။ သူ လင်းယံရဲ့အကြည့်စူးစူးနဲ့တင်ကြောက်နေတယ်...ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စ
မဟုတ်လား။

" ရှန်ခန့် မေမေပြောနေတယ်လေ"

"သာ စားချင်စိတ်မရှိဘူးမေမေ"

သူ မိဘတွေကိုတစ်ခါမှကလန်ကဆန်ပြန်မပြောဖူးပေမယ့် အခုတော့ ထမင်းဝိုင်းက
ဆတ်ခနဲပဲ ထ ထွက်ခဲ့တယ်။ ပြီးတော့ အခန်းထဲကိုမသွားပါပဲအပြင်ကိုတန်းထွက်ခဲ့
တော့တယ်။

"ကလေးတွေက ကြီးလာရင်ထိန်းရခက်တာပဲ"

ဦးအေးကျော်အောင် က ကိုင်ထားတဲ့ဇွန်းခရင်းကို ချပြီး မျက်နှာထားအေးစက်စက်နဲ့ ပြောလိုက်တယ်ဆိုရင်ပဲ ဒေါ်ရှေးအမာစိုး မှာ နေစရာမရှိတော့လောက်အောင်ပဲ
ရင်တုန်သွားတော့တယ်။

"ကလေးကဒီလိုတစ်ခါမှမလုပ်ဖူးပါဘူး... သူကျောင်းမှာ ပြဿနာရှိလို့နေမှာပါ... ကျွန်မမေးကြည့်လိုက်ပါမယ်"

သူမပြေရာပြေကြောင်း ပြောပြဖို့ကြိုးစားလိုက်တယ်။ ဦးအေးကျော်အောင်က သတ်ိပေးသလိုလည်ချောင်းသံ ကိုခပ်ကျယ်ကျယ်ပြုပြပြီး ထမင်းစားဝိုင်းကထွက်သွားတော့
တယ်။ ဒေါ်ရှေး အမာစိုးလည်း ဒီတော့မှအိမ်ဖော်လေးကို စားပွဲသိမ်းခိုင်း လိုက်ပြီး
ရှန်ခန့်ထွက်သွားတဲ့နောက်ကို လိုက်ချောင်းဖို့ ထွက်ခဲ့တော့တယ်။ သူမသားကအခုတလော မှုန်ကုပ်ကုပ်နဲ့ ဘာဖြစ်နေမှန်းကိုမသိ။လွန်ခဲ့တဲ့နှစ်တုန်းကလည်း တစ်ခါ ပိုင်ချင်းကျောင်းမတတ်လို့ဆိုပြီး ကျောင်းထွက်ခဲ့သေးတယ်။ အခုတစ်ခေါက်လည်း ပိုင်ချင်းကြောင့်မဟုတ်ဖို့သူမမျှော်လင့် မိပါတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now