Part - 60

282 26 6
                                    

Unicode

{ထိပ်စီးပြောင်းသွားပြီ... အပ်ိုင်း60အထိအတူလိုက်လာပေးကြတဲ့readerတစ်ယောက်ချင်းစီကိုကျေးဇူးပါနော် ဒါကအပိုင်ဘယ်လောက် ထိဆက်သွားမလဲ ကိုယ်ကိုယ်တိုင်တောင်
မပြောနိုင်ဘူး။ အများကြီးမကျန်တော့တာကသေချာပါတယ်။}

THEMANTHECROOKED P-60

နောက်တစ်မနက်မှာတော့ ပိုင်ချင်းခေါင်းတွေထိုးကိုက်ကာ မလန်းမဆန်းနဲ့အိပ်ယာကနိုးလာတယ်။

"လင်းယံ.... ငါ ခေါင်းကိုက်တယ်"

ဝိုးတဝါးမို့သူအခုထိရန်လင်းယံအိမ်မှာပဲရှိနေသေးတယ်လို့ထင်တယ်။ မျက်လုံးတို့မဖွင့်ပဲ မပွင့်တပွင့်ပြောရင်းက တစ်ဖက်လူရဲ့တုန့်ပြန့်မူကိုမခံစားမိတာကြောင့် ဘေးဘယ်ကို
လိုက်စမ်းကြည့်မိတယ်။ ကုတင်ကအတော်လေးကိုကျဉ်းပြီး အိပ်ယာထက်နေရာလွတ်ကိုသာ စမ်းမိတယ်။ ပုံမှန်ဆို ရန်လင်းယံမရှိရင်တောင် ခေါင်းအုံးဖြစ်ဖြစ်စောင်ဖြစ်ဖြစ်
စမ်းမိရမှာမှန်ပေမယ့် အခုကနေရာလွတ်ကြီးတစ်ခုဖြစ်နေ တယ်။ သူအခုမှခေါင်းထဲဖျက်ခနဲ ဉာဏ်အလင်းပွင့်လာပြီး ထထိုင်ကြည့်လိုက်တယ်။ သူ ရန်လင်းယံအိမ်မှာမဟုတ်ဘူး။

သူအခုသူ့အိမ်သူပြန်ရောက်နေတာလား။

ပိုင်ချင်းခြောက်ခြားမိသွားတယ်။မနေ့ညကသူတို့အဖွဲ့လိုက်အတူတူသောက်နေကြတာ
သိတယ်။သူလည်းတစ်ဖြေးဖြေးမူးလာပြီးနောက်ပိုင်းမှာဘာဆက်ဖြစ်သွားတာလဲ။
ရန်လင်းယံ က ဒီအတိုင်းကြီး သူမူးနေတာကိုအိမ်ပြန်လိုက်ပို့သွားတာလား။ သူ့မူးလာတိုင်းတစ်အိမ်အိမ်ကိုရောက်နေတတ်ပေမယ့်
ဒီလိုကြီးကျတော့မဟုတ်သေးဘူး။ ပိုင်ချင်းဖုန်းကိုရှာဖွေပြီး ရန်လင်းယံကိုဖုန်းဆက်ကြည့်လိုက်တယ်။'မနေ့ကမင်းငါ့ကို
အိမ်ပြန်ပို့သွားတာလား"လို့မေးကြည့်ဖို့စိတ်ကူးပေမယ့် ဖုန်းကလေးငါးခါဆက်တိုက်ခေါ်တာတောင် တစ်ဖက်ကဖုန်းဖြေမယ့်သူ
မရှိဘူး။ ပုံမှန်ဆိုဖုန်းဝင်တာနဲ့ချက်ချင်း
ကိုင်တတ်တဲ့သူကဘာဖြစ်တာလဲ။ ပိုင်ချင်း
စပြီးမသင်္ကာတော့ဘူး။

သူစိတ်ထင်နေတာပဲ ဖြစ်မှာပါ။ပိုင်ချင်းက တစ်ချက်စိတ်လျော့လိုက်ပြီးရေမိုးချိုးကိုယ်လက်သန့်စင်ကာအခန်းပြင်ထွက်ခဲ့တယ်။ သူ အိပ်ယာနိုးတာနောက်ကျတာကြောင့် အိမ်မှာအမေ ကလွဲရင်ဘယ်သူမှမရှိတော့ဘူး။ မနေ့ကသူမူးပြီးပြန်လာလို့ အမေများတစ်ခုခုဆူငေါက်လေအုံးမလားလို့မျှော်လင့်မိပေ
မယ့် အမေကမနေ့ညကဘာဖြစ်လဲဆိုတာတောင်မသိသလိုမျိုးပုံမှန်ဖြစ်နေပြီး သူ့ကိုဘာဟင်းလေးကကောင်းတယ် ဘာလေး
နဲ့စားဆိုပြီးညွှန်းပေးနေသေးတယ်။ မနေ့ကဘာပြဿနာမှ မရှိတာသေချာရဲ့လား။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now