Part- 33

291 29 1
                                    

Unicode

"မင်းတောင်လက်မခံဘူးဆိုရင် ငါနေလို့ရတဲ့အိမ်မျိုးဆိုတာမရှိတော့ဘူး"

ဒီအခိုက်အတန့် လင်းယံဆီကစကားကြားချိန်ပိုင်ချင်း ဘာပြန်ပြောရမယ်မှန်းမသိတော့ဘူး။ မျက်လုံးကြည်ကြည် တောက်တောက်လေးတွေနဲ့သာ မျက်ခွံလေးလှန်ပြီးကြည့်နေ
မိတယ်။ အခုသူတို့အရမ်းနီးကပ်တဲ့အနေအထားမှာရှိနေပြီး ဝင်လေထွက်လေနဲ့တကွ ကိုယ်သင်းရနံ့တွေတောင် ခလုတ်
တိုက်နေကြပြီ။

စဉ်းစား ကြည့်မယ်ဆိုရင် လင်းယံမှာတကယ်ကြီးနေစရာမရှိ တာလည်းဖြစ်နိုင်တယ်။ အကယ်၍များရှိတယ်ဆိုရင် သူ့အိမ်မှာဒုက္ခခံပြီး လာနေစရာအကြောင်းမရှိဘူး ။ ဘာလို့
များလည်း နေခနဲ့ကညီအစ်ကိုတွေဆိုတာကို သူသေချာပေါက်အမှန်အကန်ကြားခဲ့တာပါ။ ဒါဆို သူတို့မိသားစုမှာပြဿနာရှိနေတာဖြစ်မယ်။ အဲ့ဒီပြဿနာကဘယ်လောက်များကြီး
ကျယ်နေလို့ လင်းယံကသူ့အိမ်မှာသူမနေချင်ရတာလဲ။ ဒါမှမဟုတ် လင်းယံကဆိုးလို့အိမ်ပေါ်ကနှင်ချခံလိုက်ရတာလား။ ဖြစ်နိုင်တာပဲ ဘာလို့သူကဒါကိုမတွေးမိရတာလဲ။ သူရှေ့ကကောင်လေးကလူလိမ္မာမှမဟုတ်တာပဲ။

" မင်းခေါင်းသေးသေးလေးထဲမှာဘာတွေရှိနေလို့...ငါနေလို့မရတဲ့အိမ်တစ်လုံးလောက်ဝယ်ပြီးပြောင်းသွားဖို့ကြံစီ ရဲတာလဲ"

လင်းယံမျက်လုံးတွေက ရဲတင်းပြီး အားမာန်အပြည့်နဲ့ဖြစ်တယ်။ ကြည့်ရတာ သူ ဆုံးဖြတ်ချက်မှားခဲ့ပုံပဲ။ ပြိီးတော့ လင်းယံက အဲ့ဒီအမှားကိုအပြစ်ပေးဖို့ ပေးရမယ့်နည်းလမ်းကို စိတ်လှုပ်ရှားစွာရှာဖွေနေတယ်။ ဒါကြောင့်ပိုင်ချင်းကစွတ်စွဲချက်ကို ရှင်းလင်းသွားဖို့ နှုတ်ခမ်းဆူဆူလေးပြောလိုက်တယ်။

" ငါ့ခေါင်းကမသေးပါဘူး ပြီးတော့ ငါအားလုံးကောင်းသွားဖို့စဉ်းစားနေတာ "

"သြော် ဟုတ်လား... အားလုံးကောင်းဖို့ဆိုတဲ့အထဲမှာ ငါကျတော့ဘာလို့မပါတာလဲ"

ပိုင်ချင်းပါစပ်ပိတ်သွားတယ်။ ပြောချင်ပေမယ့် စကားလုံးက ထွက်မလာဘူး။သူထင်တာ လင်းယံကသူနဲ့မနေရလည်း အဆင်ပြေလိမ့်မယ် လို့ မဟုတ်သေးမနေတာကပိုအဆင်ပြေ လိမ့်မယ်လို့။ ဘာကြောင့်ဆို
လင်းယံကသူ့ထက်အစစအရာရာ
မှာတတ်သိနေတဲ့အပြင် ပိုက်ဆံလည်းရှာဖွေတတ်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now