Part - 32

272 34 4
                                    

Unicode

မင်းကကျွဲတစ်ကောင်မဟုတ်ဘူးဆိုတာက တိရစ္ဆာန် တစ်ကောင်မဟုတ်လို့အလွယ်တကူဘေးမဲ့မလွတ်ပေးနိုင်ဘူးလို့ ဆိုလိုတယ်။ လင်းယံက မွန်မြတ်ကိုကြည့်နေပြီး
ပြတ်ပြတ်သားသားမိုက်ရူးရဲဆန်တော့မယ့်အရိပ်အယောင်ကိုမြင်နေတယ်။ သူမကရပ်တော့မှာမဟုတ်ဘူး။ တကယ်လို့ ဒီအချိန်မှာ သူမနောက်ခံကိုသူမသိဘူးဆိုရင် ပြတ်ပြတ်သားသားပြောဆိုလိုက်မှာပေမယ့် အခုသူမလုပ်နိုင်ဘူး။ သူသာ မွန်မြတ် သဒ္ဒါမေရဲ့စိတ်ကိုဆွမိလိုက်ရင် ဒီထက်ပိုဆိုးတာတွ ဖြစ်လာ နိုင်တယ်။ဒါကြောင့်ဒီအခြေအနေမှာလင်းယံကပေါက်ကွဲနေရမှာမဟုတ်ပဲ လေသံလေးနဲ့ချော့ပြောရမှာကို တွက်ချက်မိတယ်။

"မ ဘာစားပြီးပြီလဲ... ညနေဘက်ကိုကျွန်တော်တို့အတူတူ လမ်းလျှောက်မထွက်တာကြာပြီမဟုတ်လား။ အပျင်းပြေ သွားကြမယ်လေ"

မျက်နှာပေါ်မှာရှိသမျှသော မကျေမချမ်းမူတွေက လေတိုက်သလိုချက်ချင်းလွင့်ပျယ်သွားပြီး ချမ်းမြေ့ဖွယ်အပြုံးလေးပေါ်လာတယ်။လင်းယံကမွန်မြတ်ရဲ့လက်ကိုဖွဖွလေးကိုင်ကာမျက်ဝန်းနက်နက်လေးတွေနဲ့စိုက်ကြည့်ရင်းမေးလိုက်တယ်။

ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပဲဖြစ်ဖြစ် ဒီမျက်နှာလေးကြောင့် ဒေါသထွက်ခဲ့ရပါစေ တစ်ချက်ပြုံးလိုက်တာနဲ့ ပြေလျော့ သွားအောင်လုပ်နိုင်စွမ်းကလင်းယံဆီမှာရှိတယ်။ မွန်မြတ်
အနေနဲ့ ဒီနူးညံ့ပြီးဂန္နဝင်ဆန်တဲ့အပြုံးမျက်နှာကိုကြည့်ရင်းဆက်ပြီးတော့တင်းမာထားနိုင်စွမ်းတွေလျော့ကျလာတယ်။ ဒါကြောင့်သူမက သူမလိုအပ်တဲ့အဖြေတစ်ခုအတွက်
ပြတ်ပြတ်သားသားမေးခွန်းထုတ်လာတယ်။

" မသွားခင် တစ်ခုလောက်ပဲသေချာအောင်မေးချင်တယ်မောင် လင်းပိုင်ချင်း ကို
ချစ်လား"

ဒီစကားကြားတဲ့အခါ လင်းယံရဲ့မျက်ဝန်းအိမ်တွေကကျယ်သွားတယ်။ သူဘာဖြေရမလဲဆိုတာကိုမသိဘူး။ ဒါကချစ်တယ်လို့်ထင်နေလားဆိုပြီးလွယ်လွယ်တုံ့ပြန်နိုင်တာ မျိုးမဟုတ်ဘူး။ ချစ်တယ်လို့လည်းထုတ်မပြောနိုင်သလို မချစ်ဘူးလို့ လည်း မပြောနိုင်ဘူး။ သူက စကားလုံး ပျောက် ဆုံးနေတယ်။ နှုတ်ခမ်းလေးတွေခပ်ဟဟဖြစ်နေပြီး လှုပ်ရှားဖို့ကိုတောင်မေ့သွားမိတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now