Part - 67

500 28 3
                                    

Unicode

" မင်းပြောချင်တာကို ပြောခွင့်ပြုမှာမလို့... ဒီလောက်နဲ့ ပဲငါ့ကိုလူဆိုးဖြစ်အောင်လုပ်နေတာရပ်ပြီး ထတော့"

ဒီတော့မှ ရန်လင်းယံက စိတ်အားတင်းထားသမျှ အသက် အနည်းငယ်ရှူရှိုက်လာနိုင်ပြီး... ထုံကျင်နေတဲ့ခြေထောက်တွေကို ဂရုမစိုက် နိုင်ပဲ ခပ်မြန်မြန် ထရပ်လိုက်တော့တယ်။

" မဆု ကျွန်တော် ...ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် လင်းပိုင်ချင်း ကို ချစ်တယ်။ ပိုင်ချင်း အတွက် ကျွန်တော့်ကိုယ် ကျွန်တော် အားလုံးကိုပြုပြင်ရဲတယ်။ အဲ့တာကြောင့် ကျေးဇူးပြုပြီး ဖြစ်ပြီးခဲ့တာအားလုံးအတွက်ကျွန်တော် တောင်းပန်းပါတယ်... ကျွန်တော် တောင်းပန်တာကိုလက်ခံပေးပါ။ ကျွန်တော်ရှေ့ဆက်ပြီး လူလိမ်လူညာ
မဖြစ်စေရတော့ပါဘူး"

ဆုလတ်မေ က ထီးကို လေထဲလွင့်မပါသွားအောင် တင်းတင်ကျပ်ကျပ်ဆုပ်ကိုင်ထားရင်း လင်းယံဆီကစကားတစ်ခွန်းချင်စီတိုင်းကို သေချာစွာနားထောင်ပေးနေတယ်။
သူမမျက်နှာက အားမာန်တွေထည့်ထားပေမယ့်တကယ်တမ်းတော့ လင်းယံဆီက'စိတ်ရင်း'ကိုမြင်လိုက်ရတဲ့အခါ
နှလုံးသားကနူးညံ့သွားခဲ့ပြီးပြိီ။ သူမမောင်လေးလည်း လင်းယံဆီကစိတ်ရင်းနဲ့တောင်းပန်မူကိုလက်ခံရရှိခဲ့တယ်လို့
ထင်တယ်။

"အိမ်ထဲကိုလိုက်လာခဲ့"

ခွင့်လွှတ်တယ် ဆိုတာကို ထုတ်မပြောချင်တဲ့အတွက် ဆုလတ်မေ က ခပ်မာမာလေး ပဲ ပြောရင်း အိမ်ထဲကို ဦးစွာလှည့်ဝင်သွားလိုက်တယ်။ လင်းယံကကြာရှည်စွာ ထောက်ထားတဲ့ခြေထောက်တွေကြောင့်ချက်ချင်း
မလိုက်သွားနိုင်သလို မမဆုဆီက သူ့ကိုလက်ခံပေးမယ့် အရိပ်အယောင်တွေကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်လျက် ခဏတော့ ကြောင်တောင်တောင် လေးရပ်နေမိ
သေးတယ်။

"ဘာလုပ်နေသေးတာတုန်း လာလေ"

ထိုစဉ် အဝင်တံခါးဆီရောက်သွားပြီဖြစ်တဲ့ဆုလတ်မေက ပြန်လှည့်အော်တော့မှအထက် အောက်စုန်ချည်ဆန်ချည် စီးဆင်းနေတဲ့သွေးတို့ကိုခံစားမိပြီး အနောက်ကခပ်သွက်သွက်
လေးလိုက်သွားမိတော့တယ်။သို့နှင့် သူတို့အိမ်ထဲကိုရောက်သွားတဲ့အခါ မိသားစုဝင်အားလုံးက အပြုံးလေးတွေနဲ့စောင့်ကြိုနေကြတာကိုတွေ့လိုက်ရတယ်။ ဆုလတ်မေက
လင်းယံကိုလွယ်လွယ်လေး ခွင့်ပြုပေးလိုက်မိတဲ့အတွက် သူလုပ်တာမှန်ရဲ့လားဆိုတာမတွေးနိုင်ပဲ  အခန်းထဲကို ခပ်သွက်သွက်ဝင်သွားတော့တယ်။ ဒီအခါချမ်းမင်းသော်က
လည်း ဒီလိုဖြစ်လာမယ်ဆိုတာကိုကြိုတွက်မိတဲ့အတိုင်း သူ့ဇနီးကိုနှစ်သိမ့်ပေးဖို့လင်းယံကို အသိအမှတ်ပြုသလို ခေါင်းဆတ်လျက်ရယ်ပြပြီး အခန်းထဲလိုက်ဝင်သွားတော့တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now