Part - 12

358 33 2
                                    

Unicode

"သူက လူကောင်းတစ်ယောက်ပါ"

"ဘာကိုကြည့်ပြီး ဆုံးဖြတ်လိုက်တာလဲ
မောင်လေး သူ့ရုပ်ရည်လား...နေပုံထိုင်ပုံလား ခုခေတ်ကြီးထဲမှာ ကိုယ့်ဒူးကိုယ်တောင် မယုံရဘူး ဆိုတာ မသိဘူးလား"

ကျွန်တော်လည် ဘာကြောင့် လင်းယံကိုလူကောင်းလို့ သတ်မှတ်ပေးနေမိမှန်းတကယ်မသိဘူး။ လူတိုင်းက ဒီလူမကောင်းဘူးပြောကြတယ်။ သို့ပေမယ့် ဆန့်ကျင်ဘက်ဆန်စွာ သူ သိတဲ့ ဒီလူက သူ့အပေါ်ကောင်းတယ်။
နောက်ပြီး လင်းယံကိုမကောင်းဘူးပြောတာမျိုး သူ့ မသိစိတ်ကတောင်လက်မခံပေးချင်သလိုဖြစ်လာတယ်။

" သူက ထမင်းဟင်းချက်တာလဲတော်တယ်...
အားကစားလည်းတော်တယ်...စာလည်းမညံ့ဘူး...ကျွန်တော်မလုပ်တတ်တာမှန်သမျှ သူ လုပ်တတ်တယ်...ပြီးတော့ကျွန်တော့်ကို အများကြီး ကူညီပေးတယ်... ဘယ်ကလာတာလဲ ဘယ်မိသားစုကလည်းဆိုတဲ့မေးခွန်းက သူမပြောချင်လို့မပြောတာလို့ပဲထင်တယ် အဲ့ဒါက သူ့ ကိုယ်ရေးကိုယ်တာလေ "

ဒါကြောင့်ပဲ လင်းယံဘက်ကသူချေပပေးမိတယ်။ လင်းယံနဲ့အတူတူဆို သူ ကြောက်စိတ်တွေလွင့်ပျယ်ပြီး ဘယ်လို ပြဿနာမျိုးကို
မဆိုဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်လာတယ်။ ဒီခံစားမူကနဲနဲတော့ ထူးဆန်းတယ်ဆိုပေမယ့် သူသာရှိ နေရင်လို့တွေးမိတဲ့အခါ
ဒီလူသာ သူ့ အနားမှာအမြဲတမ်း ရှိနေဖို့ကို သူ လိုလားနေမိတယ်။ နောက်ပြီး သူ
တစ်ယောက်တည်းနေရတာကိုမကြိုက်ဘူး။ လူဆိုတာ တစ်ယောက်တည်းရှင်သန်ဖို့မဖြစ်နိုင်ဘူးလို့ သူထင်တယ်။ ဘယ်လောက်မှ
မကြာသေးပေမယ့်လည်း လင်းယံရှိနေ
တာကို သူကြိုက်နေမိပြီဖြစ်တယ်။

" ဟုတ်ပါပြီ မမဆုက သတိထားဖို့ပြောတာ... မခင်ရဘူး မပေါင်းရဘူး... မငှါးရဘူးဒါမျိုးတွေ မဟုတ်ဘူး.... ငါ့မောင်လေး က တစ်ယောက်တည်းနေရတာမို့ ဘာပဲ
လုပ်လုပ်သတ်ိထားစေချင်တာ"

" အင် ကျွန်တော်သိတယ်"

မမဆုက မိဘတွေ အစား သူ့ကိုအုပ်ထိန်းမူပေးနေရတာမို့ စိတ်ပူမှန်းနားလည်ပေမယ့် သူထိုတဒင်္ဂအတွင်းလေးမှာတောင် ကိုယ့်စိတ်ကိုယ်ထိန်းသိမ်းလိုက်ဖို့သတိမရမိဘူး။
ဆယ်ကျော်သက် ရင်ဘတ်ထဲကဆတ်ဆတ်ထိမခံတဲ့နှလုံးသားက မိမိနှစ်သက်တဲ့လူ
အတွက် ခံပြင်းမူဆိုတာမျိုးကို အမောက်ထောင်ပြချင်တာဖြစ်လိမ့်မယ်။ သိုပေမယ့်
သူ့နှလုံးသားအလိုဆန္ဒ က ဘာလဲဆိုတာတောင် သူက သေချာသိတာမဟုတ်ဘူး။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now