Part - 4

603 52 5
                                    

Unicode

The Man The Crooked -Part-4

လူ့စိတ်ဆိုတာ မျောက်တစ်ကောင်လိုပဲတဲ့။ ဒါကိုအရင်က ကျွန်တော်ကြားဖူးတယ် အမှန်တကယ်ဖြစ်နေလိမ့်မယ် လို့တော့ ထဲထဲဝင်ဝင် မတွေးကြည့်ဖူးဘူး။ ဒါပေမယ့် ဒါက
တကယ်ကိုမှန်တာပဲ။ မနေ့ကကျွန်တော်
ရန်လင်းယံဆို တဲ့ကောင်ကိုနေရာတကာတွေ့နေရပေမယ့် လုံးဝမတွေ့ ချင်ဘူး။ တွေ့လိုက်ရတိုင်းလည်း သောက်မြင်ပဲကပ်နေတယ်။
ဒီနေ့ကျပြန်တော့ ကျွန်တော် ရန်လင်းယံကိုပဲတွေ့ချင်နေ တယ်။ မျက်လုံးနှစ်လုံးဖွင့် ကတည်းက ရန်လင်းယံ ကိုပဲ ရှာနေမိတယ်။ ဒါပေမယ့် အဲ့သောက်ကောင်လေး ရှာရခက်
တယ်။ စာသင်ချိန်ရောက်ရင်အတန်းထဲဝင်လာတယ်ပြီးရင် ပြန်ထွက်သွားတယ်။ ဘယ်လိုအမိဖမ်းပြီးစကားပြောရမလဲကို
မသိတော့ဘူး။

"မင်းအဲ့ဒီဟမ်ဘာဂါကိုမစားနဲ့"

စိတ်ရှုပ်နေတုန်း သူ့လက်ထဲကိုင်ထားတဲ့
ဘာဂါ ကိုရှန်ခန့်က ဆတ်ခနဲယူပြီးအမိုက်ပုံးထဲထည့်ပစ်လိုက်တယ်။

"လီး လုပ်တာလား"

ဒီနေ့သူစိတ်နဲနဲဆတ်နေတယ်။ မနက်ခင်းကျောင်းလာတုန်းကကြည်လင်နေသလောက် အခုဘာဖြစ်နေမှန်းကိုမသိဘူး။ သူထအော်တော့ ရှန်ခန့်မှာ မျက်လုံးအဝိုင်းသားနဲ့ပြူး
ကြောင်ကြောင်လေးကြည့်လာတယ်။ သူတစ်ခါမှမအော်ဖူးလို့ လန့်သွားတဲ့ပုံမို့ အော်မိတာကိုစိတ်မကောင်းဖြစ်သွားပေမယ့် အမိုက်ပုံးထဲရောက်ပြီး စားလို့မရတော့တဲ့ဘာဂါကိုပဲသူနှမြော တသစွာ ပြန်ကောက်လို့ရသေးလားကြည့်နေမိတယ်။

"ရန်လင်းယံ က မိန်းကလေးတွေနားက
ချူစားပြီးရတဲ့ပိုက်ဆံနဲ့မင်းကိုဝယ်ကျွေးတာ... အဲ့တာကိုလွှင့်ပစ်ပြီးငါက
သန့်သန့်လေးပြန်ဝယ်ကျွေးချင်ရုံပဲ"

"ကျစ်!"

လေသံဖျော့ဖျော့နဲ့ ရှန်ခန့်တိုလျိုလာတဲ့အခါ ပိုင်းချင်း ဆံပင်တွေကိုတစ်ချက်ဖွမိလိုက်တယ်။ အဲ့ဒီအချိန်မှာ သူတို့နှစ်ယောက် ကိုစိုက်ကြည့်နေတဲ့ ရန်လင်းယံကို တွေ့လိုက်ရတယ်။

ဘေးမှာလည်းအမြဲတမ်းသောက်မိန်းမတွေချည်းပဲ။

ပိုင်ချင်းဘာကိုစိတ်တိုနေလည်းသူ့ဟာသူမသိတော့ဘူး။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now