Unicode
ပိုင်ချင်းက လင်းယံကို အလန့်တကြား
တွန်းထုပ်ဖို့ကြိုးစားလိုက်ပေမယ့် လင်းယံကမလွတ်ပေးဘူး။ သူ့လက်ကောက်ဝတ်တွေကို ပိုအား ထည့်လို့ ဆုပ်ကိုင်ကာ နံရံမှာ
ဖိကပ်ထားရင်း အကြိမ်ရေစိတ်စွာ ပို၍
နက်နက်ရှိုင်းရှိုင်း အနမ်းတွေကို ချဲ့ထွင်လာတော့တယ်။ဒီချိန် သူတို့ခေါင်းထဲမှာ 'အချစ်'.... ဒီလိုကိစ္စမျိုးတွေ စိုးမိုးမနေဘူး။ ဒီလူနဲ့အတူတူနေရတာအဆင်ပြေနေပြီး...ဒီလူနဲ့ပဲအတူတူ
ဆက်ရှိချင်နေတယ်။ ခံစားချက်တွေရှုပ်ထွေး
နေတာမျိုးလည်းမဟုတ်သလို... ဟိုဟ်ိုဒီဒီစိုးရိမ်ကြောက်ရွံ့မူ မျိုးတွေလည်းမရှိဘူး။ အနာဂတ်ကိုရင်ဆိုင်းရဲပါ့မလား...ဒါမျိုး
တစ်ဆုံးထိတွေးထားတာမျိုးလည်းမရှိပါပဲ
ဒီအချိန် ဒီခဏလေးမှာ လင်းယံကပိုင်ချင်းကိုနမ်းနေတာဖြစ်ပြီး ပိုင်ချင်းကလည်း လင်းယံရဲ့အနမ်းတွေကိုနှစ်သက်နေခဲ့တယ်။"ဟာ"
ရုတ်တရက် မွန်းကြပ်လှတဲ့အနမ်းမိုးတွေကြားက ကြက်သီးထဖွယ်ရာ ထိုးထွက်လာသော နစ်မွန်းနေတဲ့ ညည်းသံလေး။ ပိုင်ချင်းအလန့်တကြားမျက်လုံးပြူးသွားသလို
လင်းယံက လည်း အနမ်းတွေရပ်တန့် မိသွားတယ်။ သူတို့နှစ်ယောက်လုံး ဒီအသံက ဘာကြောင့်ထွက်လာရခြင်း နဲ့ ဘယ်သူ့ဆီက ထွက်လာတာလဲဆိုတာကိုရှာဖွေမိကြရင်း
မျက်ဝန်းတွေတလက်လက်နဲ့ ပူလောင်တဲ့ ဆန္ဒ တွေ တောက်လောင်လာကြတယ်။
သို့ပေမယ့် ရှေ့ဆက်သင့်မသင့်ကို
နှစ်ယောက်လုံးမဆုံးဖြတ်နိုင်ကြဘူး။ ဒါကသူတို့အတွက် ပထမဆုံးအကြိမ်ပဲ။ မိန်းကလေးတွေအများကြီးနဲ့ နမ်းဖူးတဲ့ လင်းယံတောင် နားဝင်ချိုလွန်းလှတဲ့ညည်းသံချိုချိုလေးနဲ့
ပတ်သက်ပြီး ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကိုမသိဘူး။ ပိုင်ချင်းကပိုတောင်ဆိုးသေးတယ်။ သူအရွယ်ရောက် စ ကတည်းက ပိုက်ဆံနဲ့ပဲ ပြဿနာဖြစ်နေခဲ့ရတာ။ ဒီလို
ကိစ္စတွေအတွက်အချိန်မပေးနိုင်ခဲ့ဘူး။အသက်အရွယ်အရတိတ်တိတ်ပုန်း pornကားတွေ ကြည့်ဖူးမယ်ဆိုရင်တောင် လက်တွေ့မှာ သူတို့မရဲဘူး။ တကယ်ကိုမှသူတို့က အခုမှအပျံသင်စငှက်ငယ်လေးတွေ
လ်ိုပဲ။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RastgeleMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...