Part - 54

309 39 8
                                    

Unicode

ပြဿနာ ဖြစ်ပြီးနောက် ရန်လင်းယံကျောင်း
မလာတာ တစ်ပတ်လောက်ရှိသွားပြီ။ ဒါကဖြစ်သင့်လား...ရန်လင်းယံဒီခွေးကောင်ဘယ်တွေသွားနေပြန်ပြီလဲ။ငါကပဲမင်းကိုအမြဲတမ်း လိုက်ရှာနေရမှာလား။

ပိုင်ချင်းရင်ဘတ်ထဲမှာစစ်ပွဲဖြစ်လို့နေတယ်။ ဒီအရူးက ကျောင်းခန်းထဲမှာလည်းမရှိသလိုအသင်းသားတွေလေ့ကျင်းရေးလုပ်နေကြရင်လည်းရောက်မလာဘူး။ အစကတည်းက
ဒီလိုပျက်ကွက်မူတွေနဲ့ လာပြီးတော့... 'ငါမင်းအတွက် လူကောင်းလေးဖြစ်ပေးမယ်'ဆိုတဲ့စကားနဲ့လာချုပ်နေသေးတယ်။ ချစ်နေသေးတယ်ဆိုရင်တောင် ဘယ်သူကယုံပေးမှာလဲ။

" ခေါင်းဆောင် ရန်လင်းယံ နဲ့ ခေါင်းဆောင်သူငယ်ချင်းနဲ့ ရန်ဖြစ်ကြတာဘယ်သူ့ကြောင့်တဲ့လဲ။ ကျောင်းရဲ့အကျော်အမော်တွေကို ထိပ်တိုက်တွေ့အောင်လုပ်နိုင်တာ ဘယ်လိုလှပတဲ့ကောင်မလေးဖြစ်မလဲ။ နတ်သမီးလေးများလား"

'မင်းရှေ့ ဒီမှာငုတ်တုပ်ကြီးထိုင်နေတယ်လေ'လို့သာအော်ပြောပစ်ချင်တယ်။
ဒီရက်ပိုင်းမှာ ဒီမေးခွန်းကသူ့ကိုအမေးများဆုံးပဲ။ စိတ်ရှုပ်စရာကောင်းပါတယ်ဆို လူတွေကမရပ်တန့်နိုင်ကြဘူး။ ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ ရှန်ခန့်က သူ့ဆီ အဆက် အသွယ်မလုပ်တော့ပေမယ့် ကျောင်းကို
ပုံမှန်ရောက်လာနေပြီး တစ်ယောက်သောသူကတော့ အရိပ်လေးတောင်မမြင်ရဘူး။အဲ့ဒီနေ့က သူ့နောက်ကလိုက်မသွားခဲ့လို့လား။ ပြောရရင် လွန်ခဲ့တဲ့နှစ်တုန်းကလည်း သူ
ရှန်ခန့်နဲ့အတူရှိနေလို့ ပျောက်သွားတာ
နှစ်ရက်လောက်ပေါ်မလာခဲ့ဘူး။ ကြည့်ရတာဒီကောင်ဆီမှာ ရှောင်ပြေးတတ်တဲ့အကျင့်ရှိပုံရတယ်။ သို့ပေမယ့် အခုတစ်ခေါက် မှာ
တော့ သူလိုက်ချော့ဖို့ စိတ်ကူးမရှိဘူး။
ရန်လင်းယံ က တစ်ရက်ရက်တော့ ကျောင်းကိုရောက်လာမှာပါ။ အဲ့ဒီရက်က ဘယ်တော့ရောက်လာမလဲဆိုတာ မသိပေမယ့်လည်းပေါ့။

" ခေါင်းဆောင်ညနေကျရင် Barသွားရအောင်လေ"

" အစ်မ မအားလို့ ဒီနေ့ တူမလေးကိုကျောင်းကြိုပေးရဦးမှာမင်းတို့ပဲသွားကြတော့.... သောက်ပဲသောက်နော်... ရန်တော့
ဖြစ်မလာကြနဲ့ "

THE MAN THE CROOKED (COMPLETED)Where stories live. Discover now