Part - 55

334 36 2
                                    

Unicode

"ငါရဲ့ကမ္ဘာမှာ မင်းကလွဲပြီး ဘယ်သူမှမရှိတော့ဘူး"

ရန်လင်းယံ ရဲ့ အသံမှာ ဆုံးရှုံးရမှာစိုးတဲ့ကြောက်ရွံ့မူတွေပါဝင်နေပြီး လင်းပိုင်ချင်းက ဒီစကားကြောင့်နှုတ်ခမ်းလေးတွေ မပြုံး
မိအောင် ထိန်းနေရတယ်။ရန်လင်းယံဟာ
ဟိုးအရင်တုန်းကအတိုင်း ပါးစပ်ကနေ ချိုသာတဲ့စကားလုံးတွေကိုအတိုင်းအဆမရှိပြောတတ်နေတုန်းပဲ။

" မင်း က အမြဲတမ်း လိမ်ပြောနေတဲ့သူပဲ
ဒီတစ်ခါရော ငါကဘယ်လိုအာမခံနဲ့ယုံကြည်ပေးရမှာလဲ"

ဆိုတော့ လင်းယံကတိုးတိုးလေးပြောလာတယ်။

"တောင်းပန်ပါတယ် "

ထွက်လာတဲ့စကားသံက စိတ်ရင်းအမှန်ဆိုတာသိလိုက်ရတဲ့အချိန်မှာ ပိုင်ချင်းရင်ထဲက
မကျေနပ်မူတွေအားလုံးက ရေထဲထည့်ဖျော်ခံလိုက်ရသလိုပဲအရည်ပျော်ကျသွားခဲ့တယ်။
ဟိုးအစကတည်းက ဒီကောင်လေးဆီက အရေးတယူတောင်းပန်စကားပြောတာကို လိုချင်ခဲ့တာ။ ချစ်ရသူသာတောင်းပန်လာ
မယ်ဆိုရင်ဘယ်လိုအပစ်မျိုးကိုမဆို ခွင့်လွှတ်ပေးဖို့ သူကရည်ရွယ်ခဲ့ပြိီးသား။ အခွင့်အရေးတွေလည်းပေးခဲ့တယ် ဆိုပေမယ့် အချိန်လွန်မှပဲ ကြားခွင့်ရခဲ့တာပဲ။

"ငါအသက်ဆယ့်ခုနှစ်ကတည်းက မင်းတစ်ယောက်တည်းကိုပဲ ကြည့်လာတာ...အခုဘယ်နှနှစ်တောင်ရှိပြီလဲပိုင်ချင်း...ငါ့မျက်လုံးတွေကမင်းကိုပဲ လိုက်ကြည့်နေတုန်းပဲ"

ဆယ့်ခုနှနှစ်။ ပိုင်ချင်းမှာရင်ခုန်သံတွေအရူးအမူးမြန်လာတာကြောင့် ရှက်ရှက်နဲ့ လင်းယံလက်တွေကိုအတင်းဖယ်ချဖို့ကြိုးစားတယ်။ ဆယ်ကျော်သက် ဆိုတဲ့အရွယ်မှာသူတို့ဟာ
အချစ်ကိုအတူတူစတင်သင်ယူခဲ့ကြရတယ်။

" မင်းပါးစပ်ပိတ်ထား...ငါ အခုလာတာမင်းနဲ့ဒီလိုတွေပြောနေဖို့မဟုတ်ဘူး ... အဖေက မင်းကိုထမင်းစားဖိတ်ခိုင်းလိုက်လ်ို့ "

"ဦးလေးကလား"

"အင်"

ဒီအခါ လင်းယံက ပိုင်းချင်းမျက်နှာလေးကိုနူးညံစွာ ကြင်နာတဲ့အပြုံးမျက်ဝန်းလေးတွေနဲ့ နက်ရှိုင်းစွာ ငေးကြည့်လာပြီး....

THE MAN THE CROOKED (COMPLETED)Where stories live. Discover now