Unicode
ခမ်းနားလှတဲ့ အခန်းထဲမှာ လူဆယ်ယောက်လောက် ကောင်းကောင်းထိုင်လို့ရတဲ့ စားပွဲရှည်ကြီးတစ်ခုရှိတယ်။ စားပွဲထိပ်မှာ ဆံပင်ကနေခြေဖျားအထိထည်ဝါခြင်းတွေကို
ဆင်မြန်းထားတဲ့ အသက်ခုနှစ်ဆယ်အရွယ်အမျိုးသမီးကြီး တစ်ယောက် ထိုင်နေတယ်။ သူမက ချမ်းသာပြည့်စုံမူတွေနဲ့ကောင်းမွန်စွာနေထိုင်ခဲ့ရတာကြောင့် မျက်နှာထက်မှာ
ထက်မြက်မူရဲ့ဟိတ်ဟန်တွေလွမ်းခြုံထားပြီး အသက်အရွယ်ထက်ကို နုပျို တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတယ်။တန်ဖိုးကြီးတဲ့ လေးထောင့်စားပွဲရှည်ပေါ်မှာ ထမင်းဟင်းအပြည့်အစုံ ၊ စားသောက်ဖွယ်တွေကိုစားချင်စဖွယ်တည်ခင်းပေးထားပြီဖြစ်ပေမယ့် စားပွဲထိပ်ကအမျိုးသမီးကြီး
မလှုပ်ရှားသေးတာကြောင့်ဘယ်သူမှအစားကိုစပြီးမစားရဲကြဘူး။ မွန်မြတ်သဒ္ဒါမေ က
ဒီနေရာကို အဖေဖြစ်သူ က စီးပွားရေး
အရေးကိစ္စကြောင့် လိုက်ခဲ့ပါလို့ဆိုတာကြောင့် ရောက်ရှိနေရတယ်။ ဒီကြီးကျယ်မြင့်မြတ်နေတဲ့မိသားစုကို သူမ တစ်ခါမှ
မမြင်ဖူးဘူး။ အခန်းကျယ်ကြီးထဲမှာ TD Hotelပိုင်ရှင်ဦးဂဟေဆက်နဲ့ဇနီး၊နောက်ပြီး လူငယ်လေးတစ်ယောက်ရှိနေကာမွန်မြတ်တို့ဘက်ကလည်းအဖေရယ်အမေရယ်၊သူမရယ်မိသားစုသုံးယောက်ဖြစ်တယ်။ မသိရင်ဒါက
ကလေးနှစ်ယောက် ရဲ့အနာဂတ်ကိုဆွေးနွေကြတော့မယ့်အတိုင်းပဲ။ သို့ပေမယ့် လူမစုံသေးတာလား။အဖွားကြီးက ဘာကိုစောင့်နေတာလဲ။ သူ့ရှေ့က မနူးမနပ်လေးနဲ့ ပေးစား
ဖို့အကြောင်း ဆိုရင် တော့ ဒီနေရာချက်ချင်းထွက်သွားဖို့ပဲရှိတယ်။ဒီချိန် ကျယ်ဝန်းလှတဲ့ စားသောက်ခန်းမကြီး တံခါက ရုတ်တရက် ပွင့်လာပြီအနောက်တိုင်း ဝတ်စုံပြည့် ကို ဝတ်ဆင်ထားတဲ့ ခန့်ညားလှတဲ့သွင်ပြင်ကိုဆောင်ယူထားတဲ့လူငယ်လေးတစ်ယောက် ဝင်လာတယ်။ သူက အနောက်
တိုင်းဝတ်စုံနဲ့မလိုက်ဖက်အောင် ဘွတ်ဖိနပ်ကိုစီးထားပြီး ဆံပင်တိုတိုတွေမဖီးပဲ ဖြစ်သလို
ဖွထားတာကြောင့် မသပ်မရပ်ဖြစ်နေပေမယ့် ဒါကပဲသူ့ကိုဆွဲဆောင်မူတွေပိုတိုးသွားစေ
တယ်။ရန်လင်းယံ ဒီကောင်လေး။ မြင်မြင်ချင်း မွန်မြတ်အံ့သြသွားပြီး ခေါင်းထဲရှုပ်ထွေးကုန်တယ်။ ဒီကောင်လေးကဒီမိသားစုနဲ့
ဘယ်လိုများပတ်သတ်နေသလဲ။ သူ ဝင်လာတဲ့အခါမှာ အားလုံးကလှုပ်လှုပ်ရွရွတွေဖြစ်ကုန်တယ်။ အထူးသဖြင့် ထည်ဝါလှတဲ့အမျိုးသမီးကြီးဆီက နှစ်လိုဖွယ်အပြုံးတွေ
ထွက်ပေါ်လာတယ်။

YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...