Part - 5

546 53 4
                                    

Unicode

Ring!Ring!

ကျယ်လောင်တဲ့ဖုန်းမြည်သံက လင်းယံ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကိုနှောင့်ယှက်ချင်ဇောနဲ့ အစွမ်းကုန်ထွက်ပေါ်လာတယ်။ အဲ့ဒီအခါ မောမောပမ်းပမ်းအိပ်ပျော်နေတဲ့လင်းယံ စိတ်တိုသွားပြီး မျက်ခုံးတွေစုကြုံ့လို့ ညကြီးဘယ်သူခေါ်ရဲတာလဲ ပိတ် ဆဲပစ်လိုက်ဦးမယ်ဆိုပြီး ဖုန်းကိုယူကြည့်လိုက်တယ်။နာမည်မှာ ရွှေလင်းယုန်လို့ပေါ်နေတာမြင်တော့မှ သူ့ဒေါသက စိုးရိမ်သောကရောက်ခြင်းကိုပြောင်းလဲသွားတော့တယ်။

"နောင့်နောင့်"

ခပ်ဖျော့ဖျော့ သူ့လေသံက အနဲငယ်ပူပမ်နေသံစွတ်နေ တယ်ဆ်ိုတာ သူကိုယ်တိုင်တောင်သိနေပေမယ့် သူထိန်းလို့ မရခဲ့ဘူး။ သူ့ဘဝမှာသူ့အသက်ထက်ပိုအရေးကြီးတာဆိိုလို့
ဒီကောင်မလေးတစ်ယောက်ပဲရှိတာ။

"ကိုကို "

အားမရှိတဲ့နူးနူးညံ့ညံ့ခေါ်သံထွက်လာခိုက်မှာ သူ သွားတွေကို တင်းတင်းကြိတ်ထားမိတယ်။ အသံအေနအထားအရ
ဒီကောင်မလေးတစ်ခုခုဖြစ်နေပြီဆိုတာကိုသူချက်ချင်းပဲ ခန့်မှန်းမိလိုက်တယ်။

"ဘာဖြစ်လို့လဲ နောင့်... သူတို့ထပ်လာပြန်လို့လား"

"အင်... ကိုကို...ဒီလအတွက်ထောက်ပံ့ကြေးပေးရတော့ မယ်"

ဟာ....လေပူကြီးကို ရွှေလင်းယုန်မကြားအောင်သူချမိတယ်။ သူ့ဘဝကမွေးဖွာလာကတည်းကအဆင်ပြေတယ်ဆိုတာ
ဘာတစ်ခုမှမရှိခဲ့ဖူးဘူး။ ဒါပေမယ့် သူ့မှာညည်းတွားပိုင်ခွင့် ရှိလို့လား။

"အရင်အတိုင်းပဲလား ကိုကိုလွဲပေးလိုက်မယ်နော် စိတ်မပူနဲ့ အမေ့က်ိုသာဂရုစိုက်...အရွယ်မြန်မြန်မရောက်လာနဲ့...ကိုက်ိုနောင့်နောင့်က်ိုကာကွယ်ပေးနိုင်တဲ့အရွယ်ရောက်တဲ့ထိ
ခဏစောင့်ပေး "

ဆယ်ရှစ်နှစ်ဆိုတဲ့အသက်ကိုရောက်ဖို့အရမ်းကြာလွန်းနေ တယ်။ ဒီကြားကာလမှာ သူ့ကိုဘယ်သူကမှမပေါင်းချင်ရင်တောင်... ဘာဂုဏ်သတင်းမှမရှိတော့ရင်တောင်...
ဒီအတိုင်းပဲသူဆက်နေသွားရအုံးမယ်။ အမြဲတမ်း တည်တင်းနေတဲ့သူ့မျက်နှာ၊ လေကြီးလေကျယ်နဲ့ အမြင် ကပ်စရာစကားလုံးတွေပြောတတ်တဲ့သူက အခု သူနဲ့မလိုက်ဖက်စွာ ရွှေလင်းယုန်ကို ကြင်နာစွာပြောလိုက်
တယ်။ အသံက ဖျော့တော့ပြီးနွေးထွေးတယ်။ သူ့စကားအဆုံးမှာရွှေလင်းယုန်ဆီက အင်'ဆိုပြီးခေါင်းညိမ့်သံကြားရတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now