Part - 50

327 33 4
                                    

Unicode

အသက်ရှူရပ်တန့်လိုက်မိတာကြောင့် ဟိုးတုန်းကရင်ခုန်သံတွေကို ပြန်ကြားယောင်မိသလိုဖြစ်လာတယ်။ စိတ်လှုပ်ရှားမူကနေဖြစ်တည်လာတဲ့ အဓိပ္ပါယ် မရှိတဲ့ ရင်ခုန်သံတွေက ဘယ်သူ့ကြောင့်ဖြစ်လာတယ်ဆိုတာကို သတိပြုမိချိန်မှာ ပိုင်ချင်းကနောက်ကိုခြေလှမ်းဆုတ်ပြီးနေပြီဖြစ်တယ်။ ဒီလူက
လူလိမ်လူညာပါဆိုတာကို သိလျက်နဲ့ အမှတ်မရှိတဲ့ရင်ခုန်သံက ခုန်ပေါက်နေဆဲပဲ။ သေချာတာ ဘဝမှာပထမဆုံးအကြိမ်
ချစ်ခဲ့ဖူးတဲ့လူကြောင့်ဖြစ်လိမ့်မယ်။

" သဘောပဲ "

အမြန်ဆုံး ရှောင်ထွက်သွားချင်နေတာကြောင့် ပိုင်ချင်း ဒီအတိုင်းသာပြောခဲ့ပြီး အားကစားခန်းမထဲက လှည့်ထွက် ခဲ့တော့တယ်။
ရန်လင်းယံ ကိုမြင်နေရတာဟိုးအရင်က
သူ့ရဲ့ရူးမိုက်ခဲ့မူတွေကိုပြန်နိုးဆွခံလိုက်ရ
သလိုပဲ။ မေ့ပစ်လိုက်နိုင်ပြီလို့ထင်ခဲ့ပေမယ့် ပြန်တွေ့လိုက်ရတဲ့အခိုက်အတန့်မှာ သူထိုင်
ငိုချပစ်ချင်လောက်အောင်ထိ ရုန်းမထွက်
နိုင်သေးဘူးဆိုတာသိလိုက်ရတယ်။

" ဟေ့လူသစ်လေး congratulations "

"မိုက်လှပါလား....ခေါင်းဆောင်ကိုတောင်ကျော်နိုင်သွားတယ်၊ ဘာဆေးစွမ်းတွေများစားထားလဲ"

အနောက်ဘက်ကအသင်းသားတွေအသံကို ပိုင်ချင်းကြားနေရတာကြောင့် ထွက်လာပြီးမှအနောက်ကိုပြန်လှည့်ကြည့်မိတယ်။ သူရှောင်ထွက်လာချင်ဇောနဲ့ပြောခဲ့မိပေမယ့် အသင်းထဲဝင်ခွင့်ပြုမိလိုက်တာပဲ။ တကယ်ဆိုသူကဒီထက်ပ်ိုပြီး သတ္တိရှိရှိနဲ့ရန်လင်းယံကိုမောင်းထုတ်ပစ်နိုင်ခဲ့ရမှာ။ဒီလိုဆို ရန်လင်းယံဒီခွေးကောင် ရိုးသားအပစ်ကင်းစင်နေသလိုမျိုး လူတွေအလယ်မှာ ပြုံးပြုံးကြီးနဲ့ရပ်နေနိုင်မှာမဟုတ်ဘူး။ မှတ်မိသလောက်ဆိုရင် ဟိုးတုန်းကလည်း သူနဲ့အတူတူ ဘောလုံးကစားကြတဲ့အချိန်တိုင်း ရန်လင်းယံ က သူ့ကို စနောက်ရင်း မကြာခဏရယ်ပြတတ်တယ်။ ပြီးတော့ သူက ရူးပြီး အဲ့ဒီအပြုံးတွေအောက်မှာနှစ်မျောခဲ့တယ်။

ဟက်...ချီးပဲ ပိုင်ချင်းရေမေ့ပစ်လိုက်တော့။

ကိုယ့်ကိုယ်ကိုယ်သတိပေးချက်ဝင်လိုက်ရပြီး အတန်းရှိသေးတာကြောင့် စာသင်ခန်းကိုသွားလိုက်တယ်။ ညနေပိုင်း အတန်းတွေပြီးသွားတော့ ရှန်ခန့်ကလာကြိုနေတာမလို့
ရှန်ခန့်ကားနဲ့ပဲ လိုက်လာခဲ့ပြီး သဲသဲကိုကျောင်းမှာဝင်ကြိုလိုက်ကြတယ်။ သဲသဲက ကျောင်းဆင်းဆင်းချင်း ပိုင်ချင်းကိုမြင်တော့ အပြေးလေးခုန်တက်လာတယ်။ ပြီးနောက်မှာ
ဒီနေ့ကျောင်းမှာဖြစ်ပျက်လာသမျှကိုနှုတ်ခမ်းသေးသေးလေးနဲ့ မရပ်မနားကိုပြောပြလာတော့တယ်။ ဒီအခါရှန်ခန့်က ဝယ်လာတဲ့မုန့်ထုတ်လေးကို သဲသဲကိုပေးပြီး သူ့ဘက်စိတ်ပြောင်းလာအောင် အတင်းကိုမြူဆွယ်တော့တယ်။ သဲသဲသာသူ့ကိုများများပိုချစ်လာရင် ပိုင်ချင်းကသူ့ကိုမြန်မြန်လေးချစ်လာ
မယ်လို့ မှတ်ယူနေပုံလည်းရတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now