Part - 41

265 31 10
                                    

Unicode

ရန်းလင်ယံ ကျောင်းမလာပြန်ဘူး။ ဒီလထဲမှာသူ့ကျောင်းတက် ရက်ကဆယ်ရက်တောင်ရှိရဲ့လား။ ဒီနေ့လည်းလင်းယံကို ဖျောင်းဖျဖို့ ပိုင်ချင်းနှလုံးသားကိုအမျိုးမျိုးသွေးထားရတယ်။ ဒါတောင် ဒီကောင်က ကျောင်းမလာဘူး။ ချီးပဲ။ ပိုင်ချင်းစိတ်ထဲမှာမကျေနပ်စွာဆဲရေလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက် ကျသွားတယ်။

" ပိုင်ချင်း လင်းယံက ဒီနေ့မင်္ဂလာဝတ်စုံသွားရွေးလို့ကျောင်းမလာတာဆို ဟုတ်လား"

သိလှချေ လား ။သူတို့တွေဘယ်လိုလုပ်ပြီးများသတင်းရနေကြတာလဲ။ ပိုင်ချင်းဆတ်ခနဲခေါင်းထောင်လာပြီး မင်္ဂလာဝတ်စုံ
ဆိုလို့လန့်သွားတော့တယ်။ဒီသတင်းစကားက ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သူ့အတွက်ဘဝနဲ့ဆိုင်ပြီး အရေးကြီးနေတယ်။ တကယ်ကြီးမင်္ဂလာဆောင်တော့မှာလား။
အဲ့လောက်တောင်မြန်လား။ သူ့ကို စနောက်နေတာမဟုတ်ဘူးလား။

"ဘယ်မှာလဲ... ဘယ်နားမှာသွားရွေးတာလဲ"

ပိုင်ချင်း အလန့်တကြားထမေးတော့ သူ့ရှေ့အတန်းကမိန်းကလေး က ယောင်ပြိီးဖုန်းထောင်ပြလာတယ်။ ဖုန်းထဲမှာ မွန်မြတ်သဒ္ဒါမေက သတိုးသမီးဂါဝန်အဖြူကိုဝတ်ထားပြီး ပြုံးရယ်နေကာ လင်းယံကတော့ မျက်ခုံးအစုံ
တွန့်လို့ စိတ်ရှုပ်နေပုံပေါ်တယ်။ ပိုင်ချင်းက ချက်ချင်းပဲပုံမှာပါတဲ့ဆိုင်လိပ်စာကိုထောက်ကြည့်လိုက်ပြီး စားပွဲပေါ်ကကျောပိုးအိတ်ကိုဆွဲလွယ်ကာကျောင်းခန်းထဲကပြေးထွက်
သွားတော့တယ်။ သူ နောက်မကျချင်ဘူး။ ခြေလှမ်းတွေမြန်သည်ထက်မြန်ရမယ်။
ဒီတစ်ကြိမ်နောက်ကျသွားလို့ တစ်သက်လုံးနောင်တရနေမယ့်အဖြစ်မျိုးကိုမလိုချင်ဘူး။
လင်းယံက သူ့ကိုငြင်းနေရင်လည်း မွန်မြတ်သဒ္ဒါမေ ရဲ့အဝေးကိုခေါ်သွားပြီးတော့ဖြစ်ဖြစ် အခန်းထဲထည့်ပိတ်ထားပစ််မယ်။
ဒီလူကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ရော....
ချစ်ရသူကို သူမဟုတ်တဲ့တစ်ခြား
တစ်ယောက်နဲ့အတူပေါင်းဖက်သွားမှာ ကို
မလိုလားတဲ့စိတ်ရောကြောင့် ပိုင်ချင်းနှလုံးသားလေး မောပမ်းစွာပြေးလွှားနေခဲ့တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now