Unicode
" ဒါဆို ငါ့ကိုကော ကြိုက်လား"
လင်းယံ အသံကအရမ်းမတိုးသလိုအရမ်းလည်း မကျယ်နေပဲ ဆယ်ကျော်သက်အရွယ်အသံပြောင်းမူချိန်နဲ့တိုက်ရိုက်တိုးတာကြောင့် ခပ်သြသြလေးထွက်လာတာ ဖြစ်တယ်။
ပိုင်ချင်း ဒီ ဆွဲအားပြင်းလွန်းလှတဲ့အသံနှုန်းကြောင့် နှလုံးလေးခန်းလုံးခုန်ပေါက်နေတာ အပြင်ထွက်ကျလာ မလားတောင်ထင်မိတော့တယ်။ ထိုချိန် လင်းယံက ဆက်ပြီး သူ့ရဲ့သွယ်လျလျလက်ချောင်းထိပ်ဖျားတွေနဲ့
ပိုင်ချင်းပါးပြင်ကို ထိလာပြန်တယ်။ ပြီးတော့ လက်မ ထိပ်လေးနဲ့ ပိုင်ချင်းရဲ့ ခပ်ထူထူအောက်နှုတ်ခမ်းလေးကို ဖိပွတ်ပြီး သွားလေး
တွေကြားထဲထိဝင်အောင်လုပ်လာတော့ တယ်။ ဒီအခါ ပိုင်ချင်းတစ်ကိုယ်လုံးကျင်တတ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အဖျားတတ်နေသူတစ်ယောက်လို ပူရှိန်းရှိန်းဖြစ်သွားတယ်။ သူယောကျာ်လေးတွေကို မကြိုက်ဘူး။ ရှန်ခန့်ကိုကြိုက်လားလို့မေးတုန်းကတောင် ဘာမှစဉ်းစားစရာမလိုပဲ
ချက်ချင်းငြင်းလိုက်နိုင်တယ်။ သို့ပေမယ့် လင်းယံက ငါ့ကိုကြိုက်လားလို့မေးလာတဲ့အချိန်မှာ သူ ထိုတစ်ခွန်းတည်းနဲ့ ဂေးသွားတော့မလို့တောင်ခံစားလိုက်ရတယ်။
ဝက်သယ်ဖက်(WTF).... ဒီအတွေး ဝင်လာချိန်မှာ သူအရမ်းလန့်သွားပြီး ချက်ချင်းအနောက်ကိုဆုတ်လိုက်တယ်။"ငါ... ငါ ဗိုက်ဆာတယ်"
ပြောပြီး သူ ဣန္ဒြေ တောင်မဆည်နိုင်ပဲပြေးထွက်ခဲ့တော့တယ်။ သူထူးဆန်းနေတယ် အရမ်းကိုထူးဆန်းနေတယ်။ လင်းယံ
သူ့ကောင်မလေးနဲ့hotelသွားအိပ်ဖို့ပြောနေတဲ့အသံကို ကြားရတဲ့နေ့ကတည်းကထူးဆန်းနေတာ ။ ရက်နဲနဲကြာ သွားပြီမို့ သူအဲ့တာကိုမေ့သွားပြီထင်နေခဲ့ပေမယ့် အခု ချိန်ထိကိုလတ်လတ်ဆတ်ဆတ်ရှိနေသေးကြောင်း
သိလိုက်ရတယ်။ သူ လင်းယံအထိအတွေ့တွေကြားမှာ သက်သောင့် သက်သာပဲဖြစ်နေခဲ့တာ။ ပိုပိုပြီးသူ့ကို လင်းယံ ထိကိုင်လာဖို့ကိုတောင် သူမျှော်လင့်မိနေသလိုပဲ။ သေစမ်း...သူကွေးသွားပြီလား။အိမ်ထဲပြန်ရောက်လာတဲ့သူ ထိုင်ရမလိုလို
ထရမလိုလိုဖြစ်နေချိန်မှာ နောက်ကနေ
လင်းယံ လိုက်လာတာမို့ သူဆတ်ခနဲ
ထရပ်မိသွားတယ်။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...