Unicode
VIP Room ဟု သီးသန့်စာတန်းထင်းထင်းကြီး ထိုးထားသော အခန်းအတွင်းဝယ် အစိုးရဝန်ထမ်းအချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များ စုဝေးကာ စားပွဲသောက်ပွဲကြီး
ကျင်းပလို့နေတယ်။ နေခမှာ စိတ်ကျဉ်းကျပ်စေသော တန်ဖိုးကြီး suitအပြည့်ကိုဝတ်ဆင်ထားရပြီး သက်ကြီးပိုင်းလူတွေသောက်စားနေကြတာကို စိတ်ပျက်စွာ ထိုင်ကြည့်နေ
ရတယ်။ သူ့အနေနဲ့ဒီလိုတွေ့ဆုံပွဲမျိုးကိုတတ်ရောက်ဖို့ ဘယ်တော့မှစိတ်မပါခဲ့သော်လည်း တရာဝင်သားဟူသော ဂုဏ်ပုဒ်နဲ့အညီ
ဦးဂဟေဆက် တတ်သည့်ပွဲတိုင်းကို
လိုက်နေရတယ်။ သောက်ရမ်းစိတ်ပျက်စရာကောင်းပေမယ့်လည်း သူ့မှာက လင်းယံလို ငြင်းဆန်တိုက်ခိုက်ဖို့အခွင့်အရေးဆိုတာမရှိဘူး။" ဒါက ကျွန်တော့်သား နေခမီးလျှံ ..အရမ်းအားကိုးရတဲ့သား အထက်တန်းဒုတိယနှစ်ပဲရှိသေးတာတောင် သူ့အဖေ တစ်ယောက်တည်း အလုပ်တွေအများကြီး လုပ်နေတာ စိတ်မချလို့တဲ့ဗျာ... အခုကတည်းက Hotelလည်ပတ်မူ အကြောင်းတွေ လေ့လာနေပြီ"
"ကောင်းပါ့ဗျာ ဦးဂေဟဆက်က သားကောင်းရတနာလေး ရထားတာပဲဗျ"
ဒီလိုလူပုံအလည်မှာကြွားဝါခြင်းခံလိုက်ရတော့ နေခမှာ မတတ်သာပဲ အီလည်လည်သာ ပြုံးပြလိုက်ရတော့တယ်။ ထို့နောက်မှာ ဆက်ပြီး အရေမပါတာတွေပြောဆိုနေကြတာကို ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း မနက်ဖြန်ကျောင်းမှာ လေ့ကျင့်ရေး ရှိသေးတာကိုအကြောင်းပြကာ ဖခင်မျက်နှာကိုလည်းကြည့်မနေတော့ပဲ သူ အပြင်ထွက်ခဲ့လိုက်တော့တယ်။
" နေခလေး ... သူဋ္ဌေး ရော "
အပြင်ရောက်ရောက်ချင်း ဒရိုင်ဘာမေးလာတာကို သူ အထဲလက်ညိုးထိုးပြရင်းဖြေလိုက်တယ်။ ပြီးနောက် သူ ဒရိုက်ဘာဆီက ကားသော့ကိုဆတ်ခနဲဆွဲယူကာ
ဦးတည်ချက်မရှိကားလျှောက်မောင်းပစ်လိုက်တော့တယ်။ ဘယ်သူက ဒီစောက်အဓိပ္ပါယ်မရှိတဲ့လုပ်ငန်းကိုစိတ်ဝင်စား
တာတဲ့လဲ။........................
ငါလိုး... ဒါ ဘယ်လို ဖာသည် အလုပ်တွေတုန်း။
မီးဝင်းဝင်းတောက်နေတဲ့ လင်းယံမျက်လုံးတွေကခုချက်ချင်းပဲ သူရှေ့ကအရာအားလုံးကိုရိုက်ချိုးဖျက်ဆီးချင်နေသလို
ဖြစ်နေတယ်။ မတွေ့ရတာကြာပြီ
လွမ်းတယ်'ဆိုလို့ မွန်မြတ်ရဲ့ကွန်ဒိုတိုက်ခန်းကိုလာခဲ့တာဖြစ်ပြီး သူ ဒီလိုအော်ဂလီဆန်စရာ မြင်ကွင်းကိုမြင်ရလိမ့်မယ်လို့မမျှော်မှန်းထားခဲ့ ။ သူသေချာ ပေါက်ကို အတူတူချစ်ရည်လူးဖို့ ကိစ္စကိုငြင်းဆန်ပြီးသား
ဆိုတာမှတ်မိနေသေးတယ်။

YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...