Part - 23

471 35 2
                                    

Unicode

" ပိုင်ချင်း...မင်း အိပ်ပျော်သွားတာလား"

ပုခုံးပေါ်ပြိုကျလာသူက တော်တော်နဲ့ ခေါင်းပြန်မထောင်လာတဲ့အခါ လင်းယံက ပြင်းရှရှ ခပ်အုပ်အုပ်အသံလေးနဲ့မေး လိုက်ခြင်း ဖြစ်တယ်။ သို့ပေမယ့် ပိုင်ချင်းဆီကတုံ့ပြန်သံ
ထွက်မလာပဲ ထိုအစား လက်တွေက သူ့ခန္ဓာကိုယ် ပေါ်မှာ သိသိသာသာရစ်သိုင်းလို့ တင်းတင်းကျပ်ကျပ် ထွေးဖက်လာတာကို ခံစားလိုက်ရတယ်။ ရုတ်တရက်ဆိုသလို သူ
အာခေါင်တွေခြောက်သွေ့လာပြီး တံတွေးကိုမြိုချမိပေမယ့် စိုစွတ်သွားမူမရှိ ပိုပိုပြီးသာရေငတ်လာတာကြောင့် ပိုင်ချင်း မျက်နှာကိုဆွဲမော့ယူဖို့ကြိုစားလိုက်မိတယ်။ စိတ်ထဲမှာလည်း စိတ်ခံစားချက်မျိုးစုံပေါ်ထွက်လို့လာနေပြီး ဘယ်လိုဖော်ပြရမှန်းတောင်မသိတော့ဘူး။

သို့တိုင် ပိုင်ချင်းက တင်းခံထားပြီး သူနဲ့ မျက်နှာချင်းဆိုင်ဖို့ငြင်းဆန်နေကာ ခပ်နွေးနွေ နှုတ်ခမ်းတို့တုန်ယင်လျက် သူ့လည်တိုင်စပ်လေးကိုဖိကပ်ထားလာတယ်။ ဒီတော့မှ
ပိုင်ချင်း ကြောက်နေတယ်ဆိုတာ သူသိလိုက်ရပြီးစိတ်ကိုအတတ်နိုင်ဆုံးပြန်လျှော့ဖို့ ကြိုးစားလိုက်ရတယ်။ထို့နောက်မှာဘယ်လိုတွန်းအားမှမပေးတော့ပဲသူကိုယ်တိုင်
လည်းဇဝေဇဝါနဲ့ ပိုင်ချင်းကိုပြန်ဖတ်ထားမိလိုက်တယ်။ ဒီလိုလေးတစ်ယောက်ကိုတစ်ယောက် နစ်မွန်းနေအောင် ဖက်ထားရတာကအရမ်းကိုကောင်းမွန်တယ်။

အမှန်အတိုင်းပြောရရင် သူလည်း ကြောက်နေမိတာပါပဲ။ ဘာကိုကြောက်နေတယ်ဆိုတာတော့သူလည်းမရှင်းပြတတ်ဘူး။ ရုတ်တရက် ဆန်တဲ့အခြေအနေမှာ သူတို့ ဆန္ဒတွေပေါက်ဖွားလာခဲ့ကြတယ်။ ပြီးတော့ ယောကျာ်းတစ်ယောက်ကိုပြီးမြောက်သွားအောင် တုံ့ဆိုင်းခြင်းမရှိ သူချော့မြူးပေးလိုက်တယ်။ အခုထိ ပိုင်ချင်းထုတ်လွှတ်
လိုက်တဲ့ ရနံကသူ့လက်မှာစွဲကျန်နေတုန်းပဲဆိုတာ ယုံတောင်မယုံနိုင်ဘူး။ အကယ်၍များ ပိုင်ချင်းလက်တွေက သူ့အသားလုံးကိုလာကိုင်မယ်ဆိုရင်ရော သူဘယ်လိုခံစား
နေရမလဲ။ အတွေးနဲ့တင်လင်းယံတစ်ကိုယ်လုံးကျဉ်တတ် သွားရပြီး ပိုင်ချင်းပုခုံးကိုဆတ်ခနဲတွန်းခွာမိလိုက်တယ်။ ထို့နောက် အုတ်နံရံကြားကသူအရင် ရအောင်ထွက်လိုက်ပြီး ညလေပြေအေးကို ရင်ဘတ်ထဲထိဝင်အောင်ရှူသွင်းထုတ်ကာ ခပ်ပါးပါးသာ
ရှိတဲ့ ဆံပင်တွေကိုခပ်ကြမ်းကြမ်း ပွတ်သပ်
ပစ်လိုက်တယ်။ သူ ခေါင်းတစ်ခုလုံး မီးကျွမ်းတော့မလိုပဲ။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now