Part -45

319 33 10
                                    

Unicode

"ဘာ ... ဘယ်သူလာတယ်"

အလုပ်ရုံဘက် လိုက်စစ်ဆေးပြီးပြန်လာတဲ့ဆိုင်ဖက ရန်လင်းယံ ဆီကို ဧည့်သည်လာတယ်လို့ သိသိရချင်းပဲ အသုံးမကျတဲ့အလုပ်သမားတွေကြောင့်ဒေါသထွက်ရတော့
တယ်။

" မင်းတို့ကိုမှားထားပြီးသား!! ရန်လင်းယံကိုဘယ်သူနဲ့မှ ပေးတွေ့လို့မရဘူးဆိုတာ.. ...မင်းတို့ဘာလို့မမှတ်ထားကြတာလဲ"

သူက ခုံကိုပိတ်ကန်လိုက်ပြီး စိတ်လှုပ်ရှားမူကိုထိန်းဖို့ခက်နေတယ်။ရန်လင်းယံကို လာတွေ့တာက ယောကျာ်းလေးသူငယ်ချင်းဖြစ်ပြီး လင်းပိုင်ချင်းမဟုတ်ဘူးဆိုတာမျှော်လင့်
လို့ရသေးရဲ့လားတောင်မသိဘူး။ သူက စိတ်ရှုပ်ထွေးစွာနဲ့ တစ်ယောက်ချင်းစီရဲ့မျက်နှာတွေကိုစေ့စေ့ကြည့်ကာ လက်ညိုးခပ်မာမာထိုးရင်း ဒီလိုပြောတယ်။

"အခုချက်ချင်းသူငယ်ချင်းဆိုတဲ့ကောင်ကိုသွားဆွဲထုတ်၊ ဘာလုပ်ရလုပ်ရ... ခေါ်ထုတ်သွား... မင်းတို့အဲ့ဒီကောင်ကိုမရှင်းနိုင်ဘူးဆိုရင်နောက်နေ့အသက်ထပ်ရှင်ဖို့မမျှော်လင့်နဲ့
တော့"

ဆိုင်ဖရဲ့အမိန့်ပေးသံအဆုံးမှာအလုပ်သမားတွေအားလုံး ကြောက်လန့်တုန်လှုပ်သွားကြပြီး ချက်ချင်းပဲ ပိုင်ချင်းကို ဆွဲထုတ်ဖို့ပြေးထွက်သွားကြတော့တယ်။ ဆိုင်ဖမှာလည်း
အငြိမ်ထိုင်မနေနိုင်ပဲ အလုပ်ရုံတစ်ခုလုံးကိုစောင့်ကြည့်လို့ရတဲ့CCTVတွေရှေ့မှာ ပူပမ်စွာရပ်ကြည့်နေတယ်။ အခုချိန်မှာရန်လင်းယံကသူတို့အလုပ်ရုံအတွက်ပိုက်ဆံအများဆုံးရှာပေး နိုင်တဲ့သူပဲ။ ဒီကောင်လေးကပါရမီပါပြီးသူဋ္ဌေး မျက်စိကျတာခံနေရတာကြောင့် ပြဿနာတစ်စုံတစ်ခုတတ်သွားလို့မရတဲ့
အခြေအနေဖြစ်နေတယ်။

...........

" အခုချက်ချင်း မင်းသေ သွားတာကိုမြင်ချင်နေတာရှင်းလား"

ဒေါသမာန်မာနတွေ စိတ်နာကျည်းချက်တွေနဲ့ပေါက်ကွဲထွက်လာတဲ့စကားသံက မုန်းတီးမူတွေပြည့်နှက်လို့ပါပဲ။ ရန်လင်းယံ က
ပိုင်ချင်းကိုဖိထားရင်း တင်းမာနေတဲ့မျက်ခုံးကြောတွေက တစ်ဖြေးဖြေး ပြေလျော့သွားသလိုပဲ ။ သူ က လင်းပိုင်ချင်းကို
မသိတဲ့သူမဟုတ်ဘူး။ ဒီကောင်လေးကသံယောဇဉ်ကြီးတတ်ပြီး လွယ်လွယ်တော့
မမုန်းတတ်ဘူး။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now