Part - 24

338 29 1
                                    

Unicode

" ဖေ့သမီလေးကတော်လိုက်တာ ဒါမှဖေ့
သမီး! "

ဦးဋ္ဌေးလွင်ကို က လပေါင်းများစွာတောင်း၍မရသော အကြွေးတွေအကုန်ပြန်ရလိုက်တဲ့အပြင် လန်းလန်းဆန်းဆန်း
ပြန်ဖြစ်လာတဲ့ သမီးဖြစ်သူကြောင့်လက်မထောင်ကာ ချီးကျူးမဆုံး တပြုံးပြုံးဖြစ်နေတယ်။ မွန်မြတ်ကလည်း ဖခင်ဆီက
ချီးကျူးခံရတာကိုဘဝင်ကျပြီး အနားကပ်ကာခပ်ချွဲချွဲလေး ပြောလိုက်တယ်။

"သမီးတော်ရင်သမီးကိုဆုချလေ ဖေရဲ့"

"ကဲ ပြောဗျာသမီးဘာလိုချင်လဲ"

မွန်မြတ်ကဒီမေးခွန်းကိုစောင့်နေတာကြာပြီဖြစ်သလို မိခင်ဘက်ကိုနဲနဲလေးမျက်နှာရိပ်စွေကြည့်လိုက်သေးတယ်။

" သမီး အဲ့ဒီအိမ်ကိုရချင်တယ်"

"ဘယ်အိမ်"

" အခု အကြွေးသိမ်းလာတဲ့အိမ်"

ဒီစကားကြားတဲ့အခါ ဦးဋ္ဌေးလွင်ကို တို့ဇနီးမောင်နှံ မျက်ခုံးတွေပင့်တတ်သွားတယ်။ သမီးလိုချင်တာကအင်္ကျီ၊ အဝတ်အစား
တွေ အသုံးအဆောင်ပစ္စည်းတွေလို့ပဲထင်းထားတာ။ ပြီးတော့အဲ့ဒီအိမ်က...

" သူတို့ကရောင်းမှာမဟုတ်လောက်ဘူး"

ဒေါ်လဲ့လဲ့လင်းတို့က အိမ်ကိုမသိမ်းပါနဲ့လို့ အတန်တန် တောင်းပန်ခဲ့ကြလို့ သူ အကြွေးကိုစိတ်ရှည်လက်ရှည်အကြာကြီးစောင့် ပေးနေခဲ့တာ။ သမီးကလိုချင်တယ်ဆိုတော့ သူဘေးကျပ်နံကျပ်ဖြစ်သွားပြီ။ မျက်နှာ
မကောင်းတဲ့ကလေးကိုလည်း စိတ်ချမ်သာအောင်ထားချင်သေးတယ်။ ဝေခွဲရခက်
တာကြောင့် မိန်းမကိုလှမ်းကြည့်တော့ ဇနီးသည်ကလည်း ဝယ်ပေးစေချင်နေပုံနဲ့ပြန်ကြည့်နေတယ်။ ဒုက္ခပါပဲဒီလိုဆို သူ
မငြင်းနိုင်ဘူး။

"ဖေဖေကလည်း"

"ကောင်းပြီ ကောင်းပြီ ဖေဖေကြိုးစားကြည့်ပေးမယ်"

စိတ်လျှော့ချကာ သူဒီလိုဆုံးဖြတ်ပြီးပြောလိုက်မှ ဇနီးနဲ့သမီးကပြုံးပျော်သွားကြတယ်။ဦးဋ္ဌေးလွင်ကိုလည်း ဘာမှမတတ်နိုင်ဘူး။ ဘယ်သူဘာဖြစ်ဖြစ်သမီးနဲ့ဇနီး စိတ်ချမ်းသာနေဖို့ကိုဦးစားပေးရမယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now