Part - 22 🛑

690 32 2
                                    

Unicode

Warning 🛑

'အိမ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ အိမ်မက်ကမ္ဘာကို သွားကြစ်ို့'

ဆိုင်းဘုတ်က စာတန်းရဲ့ဆွဲဆောင်မူကတော့မဆိုးဘူးပဲ။ ဒါပေမယ့် ဘာလို့ပိုက်ဆံ အများကြီးရှာလို့ရတဲ့နေရာဆိုပြီး လင်းယံက သူ့ကို စာကြည့်တိုက်ခေါ်လာတာလဲ။

ဝါနုနုအရောင်လေးလွမ်းခြုံထားတဲ့ အဆောက်အဦးကိုမော့ကြည့်ပြီး ပိုင်ချင်းနားမလည်စွာပဲ လင်းယံကိုလှည့်ကြည့် လိုက်တယ်။ ဒီအခါ လင်းယံက မဟေဋိဆန်ဆန် တစ်ချက် ပြုံးပြလာပြီး သူ့ကို ဆွဲခေါ်ကာ အဆောက်အဦးထဲ ဝင်သွားလိုက်တယ်။

"မင်္ဂလာပါရှင့် လူကြီးမင်း ဘယ်လိုစာအုပ်မျိုးကို အလိုရှိပါသလဲ"

အထဲအရောက်ရောက်ချင်းမှာ သေသပ်လှပစွာဝတ်ဆင်ထားတဲ့ဧည့်ကြို အမျိုးသမီး
တစ်ယောက်က အလွန်မှယဉ်ကျေး သိမ်မွေ့ပြီး ရိုသေလေးစားဟန်နဲ့မေးလာခြင်းဖြစ်တယ်။

" ဆင်ဖြူတစ်ကောင်ကို ဘုရင်တွေဝိုင်းလုတဲ့စာအုပ်မျိုး"

လင်းယံက အနည်းငယ်စဉ်းစားဟန်ပြုပြီးမှဖြေလိုက်ပြီး ကဒ်လေးတစ်ခု ကို အမျိူးသမီးမြင်အောင်ပြလိုက်တယ်။ ဒီအခါအမျိုးသမီးက အလွန် စိုးရိမ်ကြောင့်ကြပြီး များစွာ
စိတ်မကောင်းဟန်နဲ့ ဦးညွှတ်လာတယ်။

"ကျွန်မ မမှတ်မိလို့တောင်းပန်ပါတယ် သခင်လေးရန်..."

"ကိစ္စမရှိဘူး မင်းတို့ခေါင်းကသေးတာကြောင့် ငါခွင့်လွှတ်ပေးမယ်၊ အခုငါ့ကို
ဆင်ဖြူတွေဆီလိုက်ပို့ပေး"

"ကျေးဇူးတင်ပါတယ် သခင်လေးရန် ကျွန်မနောက်လိုက်ခဲ့ပါရှင့်"

ထို့နောက် ထိုအမျိုးသမီးခေါ်ဆောင်ရာနောက်သူတို့လိုက်သွားခဲ့ကြတယ်။ ပိုင်ချင်းကတော့ စာကြည့်တိုက်ဆိုပြီး ထူးဆန်းတဲ့အသွင်အပြင်အမူအယာတွေကြောင့် ဘာစကားမှ မဆိုနိုင်ပဲ အံအားသင့်စွာလိုက်ကြည့်နေမိတယ်။ သူ့ပုံစံက တောသားမြို့တတ်လေးလိုဖြစ်နေပြီး မြင်သမျှက စိတ်ဝင်စားဖို့ကောင်းနေတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now