Part - 34🛑

564 29 0
                                    

🛑🛑🛑

Unicode

" နေခမီးလျှံ ၊ ရန်လင်းယံ ၊ ရှင်းလွန်းရာ ၊ စောလယ်ထူး၊ အားဝိုင် ...မင်းတို့ငါးယောက်နောက်တစ်ပတ် အထက်တန်းဘတ်စကက်ဘောပြိုင်းပွဲမှာအဓိက ကစားသမားအဖြစ်
ဝင်ပြိုင်ရမယ်... အသင့်အနေအထားပြင်ထားရမယ့်အရံလူတွေက... အောင်ခမ်း၊ စိုင်းစိုင်လျန်၊ မင်းလပြည့်၊ ဖိုးသောကြာ၊ မင်းပိုင်ဦး၊ ငြိမ်းချမ်း နဲ့.... နောက်ဆုံးတစ်ယောက်က"

ပြိုင်ပွဲဝင်လို့ရမယ့်လက်ရွေးစင်တွေရဲ့နာမည်တွေကို တစ်ယောက်ချင်းနာမည်ခေါ်နေရင်း နည်းပြကစဉ်းစားနေသလိုတွေးဆ ဆပုံစံနဲ့ခဏရပ်သွားတယ်။ ဒီချိန်လင်းပိုင်
ချင်းလက်တွေချွေးစေးပျံနေပြီး လေဝင်လေထွက်တွေအောင့်ထားမိတယ်။သူ့ထက်တော်တဲ့လူတွေအများကြီးရှိနေလို့
အဓ်ိက ကစားသမားမဖြစ်နိုင်ဘူးဆိုပေမယ့် အရံကစားသမားအဖြစ်တော့ပါဝင်ခွင့်ရချင်တယ်။ လင်းယံနဲ့အတူတူ ပြိုင်ပွဲ ကွင်းထဲမှာရပ်ချင်တယ်။ တစ်ခါလောက်လူတွေအလယ်မှာ သူဟာလင်းယံရဲ့သင်ကြာပေးမူနဲ့အတူ ဘတ်စကက်ဘော ကစားတာကိုကျွမ်းကျွမ်း ကျင်ကျင်တတ်မြောက်လာကြောင်း
ကြွားပြချင်တယ်။

"အခုထိလေ့ကျင့်ဖို့လိုသေးတယ်ဆို
ပေမယ့်...ပြိုင်ပွဲဝင်လို့ရတဲ့အနေအထားတော့ရောက်နေပါပြီ"

နည်းပြကခေါင်းတညိမ့်ညိမ့်နဲ့ဆုံးဖြတ်ပြီးပြောတယ်။

" လင်းပိုင်ချင်း.. ကြိုးစားမယ်နော်"

"ဗျာ !!!ဟုတ်...ဟုတ်ကဲ့ နည်းပြ"

ပိုင်ချင်း မယုံနိုင်စွာလန့်သွားပြီး အံသြခြင်းနဲ့အတူ စကားတွေတောင်မေ့ကုန်တယ်။ အဓိက ကစားသမားမဟုတ်ပေမယ့်
သူအရမ်းကိုပျော်သွားမိတယ်။ သူတစ်လျှောက်လုံးကြိုစားလေ့ကျင့်ခဲ့သမျှနောက်ဆုံးမှာတော့ ပြိုင်ပွဲကွင်းထဲလျှောက်ခွင့်ရတော့မယ်။ အခုနေအရံလူဖြစ်နေတယ်ဆိုပေမယ့် တစ်ရက်မှာအဓိကလူဖြစ်လာရမယ်။ ဟိုးအရင် Basketballကို မထိတွေ့ရခင်တုန်းကBasketballဆိုတာဘောလုံးကိုလက်နဲ့ပုတ်ပြီးဆော့ရတဲ့ကစားနည်းလို့ပဲ
သိခဲ့တာ။ အခုတော့သူ Basketball ကွင်းထဲချေချရတာကိုကြိုက်နှစ်သက်တယ်။ဘောလုံးကိုကိုင်ထားရတဲ့အချိန် ရင်တွေခုန်နေပြီး ဂိုးတိုင်ထဲပစ်သွင်းလိုက်တဲ့အချိန်မှာ
စိတ်တွေလှုပ်ရှားလာတယ်။ ဒါကြောင့် သူ Basketball ကို ချစ်တယ်ဆိုတာသိလာတယ်။ Basketball ကစားနေတဲ့အချိန်တွေဆို သူမိသားစုအရေးတွေအားလုံးဘာကိုမှ
မမှတ်မိတော့ဘူး။ စိတ်တွေလွတ်လပ်နေတယ်။ ဒါတွေအားလုံးကလင်းယံကျေးဇူးကြောင့်ပဲ ။ အဲ့တာကြောင့် သူ လင်းယံမျက်စိရှေ့မှာတင် ကွင်းထဲဝင်ပြိုင်ခွင့်ရသူဖြစ်ချင်ပြီး ဆုတံဆိပ်တွေယူချင်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now