Unicode
" နော်... နေပေးမယ်မလား"
မဲနက်ပြီး ကြည်လဲ့နေတဲ့မျက်ဝန်းတွေရဲ့သနားချစ်ဖွယ် ဆွဲဆောင်မူတွေကို ပိုင်ချင်း ဘယ်လိုအင်အားနဲ့မှ လျစ်လျူ မရှူ့နိုင်ဘူး။ နေမကောင်းတဲ့လူကိုထားခဲ့ပြီး အလုပ်သွား
ရအောင်လည်း နောက်ဆံတင်းနေတာကြောင့်
အလုပ်မသွားဖို့ကို ပဲ ဆုံးဖြတ်လိုက်တယ်။
ဒီအခါ လင်းယံက မျက်လုံးတွေပိတ်ကျတဲ့အထိရယ်ပြလာတာမို့ သူ ပါးကို
ဆွဲညစ်မိသွားတော့တယ်။"အ!"
လင်းယံဆီက အမှတ်မထင်အော်သံလေးနဲ့မျက်ခုံး တွန့်ကွေးကွေးလေးတွေကိုမြင်တော့မှ လွှတ်ပေးလိုက်ရင်း သူ ရှက်ရွံစွာ ပြောလိုက်တယ်။
" ငါ မင်းအတွက် ဆေးသွားဝယ်လိုက်ဦး
မယ် "မှတ်မိသေးတယ်။ အကြွေးရှင်တွေ သူ့ကိုလာရိုက်တဲ့နေ့က သူလင်းယံလက်လေးကိုလှမ်းဆွဲခဲ့မိတာ။ ပြန်တွေးကြည့်ရင် ရှက်စရာဆိုပေမယ့် အဲ့ဒီနေ့က သူ့အနား မှာ တစ်ယောက်
ယောက်ရှိမနေဘူးဆိုရင် ရူးကြောင်ကြောင်နဲ့သူ ဘာလုပ်မိမယ်ဆိုတာကိုမသိနိုင်ဘူး။ လင်းယံအတွက်လည်း ဒီနေ့ကအဲ့လိုနေ့မျိုး ဖြစ်လောက်မလား။ တစ်ချက်ကြည့်ရုံနဲ့
မိသားစုကိုမုန်းတီးနေတာတွေထင်ပေါ်နေတာလေ။" ငါ့ကို နမ်းသွား"
"ဟမ်?"
အတွေးနစ်နေတုန်း မရေမရာကြားလိုက်ရတာမို့ ပိုင်ချင်း မျက်လုံးပြူသွားကာ လင်းယံကိုကြောင်တောင်တောင်ကြည့်မိသွားတယ်။ သို့ပေမယ့် လင်းယံကတော့ မျက်နှာပြောင်နဲ့
နှုတ်ခမ်းတောင် ဆူပြလာသေးတယ်။
ပိုင်ချင်း က ရင်တွေ တလှပ်လှပ်နဲ့ လင်းယံနှုတ်ခမ်းကြီးကိုတွန်းထုတ်ပစ်ချင်ပေမယ့် နေရာမှာတင် တောင့်တောင့်ကြီးဖြစ်နေပြီး
သူရွေ့လို့တောင်မရဘူး။ ဒီလူဘယ်လောက်ထိများ အရူးထနိုင်တာလဲ... ဖျားနေတာတောင်လေ။" မင်းသွားနေတုန်း တစ်ယောက်ယောက်ငါ့ကိုလာသတ် သွားရင်ဘယ်လိုလုပ်မလဲ... ဒါကမင်းနဲ့ငါ နောက်ဆုံးတွေ့ရတဲ့ အချိန်လေးဖြစ်ချင်ဖြစ်သွားနိုင်တာပဲ... မင်းငါ့ကို နှုတ်ဆက် အနမ်းလေးတောင်ပေးမသွားနိုင်ဘူးလား"

YOU ARE READING
THE MAN THE CROOKED (COMPLETED)
AlteleMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...