Part - 31

282 31 2
                                    

Unicode

ပိုင်ချင်း တကယ်ကိုအံ့သြမိတယ်။ ပြောရရင်သူ့တို့မိသားစုက ငွေကြေးအများကြီး
မချမ်းသာရင်တောင် မုန့်ဖိုးဆိုတာမျိုး
အမြဲပေးတယ်။ အဲ့ဒီတုန်းကပိုင်ချင်းဆိုတဲ့
သူကပိုက်ဆံရှာရတာ ခက်ခဲမှန်းးမသိသေးတော့ရတဲ့ မုန့်ဖိုးအပြင် အဖေအလစ်၊
အမေအလစ်မှာ ပိုက်ဆံကိုရသလောက်နိုက်ပြီး လျှောက်သုံးပစ်ခဲ့သေးတယ်။အတိတ်အကြောင်းတွေးကြည့်ရင်သူက ကလေးဆိုးဖြစ်ခဲ့ပြီး ကောင်းတာဘာမှမရှိဘူး။ ဒါကြောင့်ပဲ မိဘတွေမရှိတော့တဲ့အချိန်မှာ သူအသိတရားတွေအများကြီး ရခဲ့တယ်။အခက်အခဲမျိုးစုံကြုံဆုံခဲ့ရပြီး လူ့လောကကြီးထဲက တောင်ထွက်ပြေးသွားချင်ခဲ့တယ်။အဆုံးမှာတော့ သူ့ရဲ့မာကြောတဲ့စိတ်ကြောင့် အလုပ်မဖြစ်ခဲ့ဘူး။ မိဘတွေမရှိတော့လို့ ဘဝကိုအရှုံးပေးရတယ်ဆိုတဲ့ရာဇဝင်မျိုးသူ့မှာ
မရှိစေရဘူး။

"မင်းအဖေနဲ့အမေက တစ်ခါမှမပေးဘူးလား"

အတန်းနဲ့အသက်တွက်ရင် လင်းယံကဘယ်လောက်ရှိမှာလဲ။ ကျောင်းနားထားတဲ့သူတောင် ဆယ့်ရှစ်ပြည့်ထားတာမကြာ
သေးဘူး။လင်းယံကအတန်းမှန်မှန်တတ်ရင် ပိုင်ချင်းထက် ငယ်မှာဖြစ်တယ်။ ဒီအသက် အရွယ်ဆိုတာမိဘအုပ်ထိန်းမူ လက်အောက်မှာပဲရှိသေးတယ်။ ပြီးတော့ဒါကမြန်မာနိူင်ငံ
ဖြစ်တဲ့အတွက် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် မိဘအမိုးအောက်ကအလွယ်တကူ
မထွက်နိုင်ဘူး။

ပိုင်ချင်းပြောလိုက်တဲ့အခါ လင်းယံမျက်နှာကစီးဆင်းမူမရှိတဲ့ရေသေအိုင်လိုငြိမ်သက်သွားတယ်။

" ကိစ္စမရှိဘူး ဒီအစ်ကိုကြီးကမင်းအတွက်မုန့်ဖိုးတွေအများကြီးပေးမယ် "

လင်းယံမျက်နှာအပြောင်းအလဲကိုနားလည်လိုက်တဲ့ ပိုင်ချင်းက လင်းယံပုခုံးကိုခုန်ဖက်ပြီး အပြုံးချိုတဲ့အသွင်နဲ့အထာကျတဲ့ လူကြီးလိုပြောလိုက်တယ်။ ဒီအခါလင်းယံက
ဟက်ခနဲ ရယ်ချလာပြီး ရွှင်ပျစွာနဲ့ နောက်ပြောင်လာတယ်။

" ဘယ်ကပိုက်ဆံနဲ့လဲ "

ဆိုတော့ပိုင်ချင်းက မျက်ခုံးတွေပင့်ပြီးမျက်နှာမထားတတ်အောင်ရှောင်လွဲကာ အူကြောင်ကြောင် ပုံလေးဖမ်းလိုက်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now