Part - 53

287 34 8
                                    

Unicode

"မနေ့ညက ဘယ်တွေသွားနေတာလဲ။မင်းကိုယ်မင်း အရွယ်ရောက်လာပြိီဆိုပြီး အိမ်ကိုအကျိုးအကြောင်းမပြောပဲ သွားချင်တိုင်းသွားလို့ရပြီထင်နေတာလား။ ဒါအိမ်နော် ဇရပ်မဟုတ်ဘူး  "

အိမ်ပြန်ရောက်ရောက်ချင်း အလုပ်သွားဖို့ပြင်ဆင်နေတဲ့ အစ်မကြီးဖြစ်သူဆုလတ်မေနဲ့ တဲ့တဲ့တိုးတာကြောင့် ပိုင်ချင်းမှာ ဆူပူခြင်းကိုခံနေရတယ်။ အခုဆိုရင်တစ်အိမ်လုံးမှာ
အာဏာအရှိဆုံးက အစ်မကြီးပဲဖြစ်တယ်။သူမကအိမ်ရဲ့ကိစ္စအဝဝကိုစီမံပေးနေပြီး
တစ်ယောက်ချင်းစီ ရဲ့အသေးအဖွဲလေးတွေကအစဂရုစိုက်တယ်။ တစ်စုံတစ်ရာ သော
ကိစ္စ ကြောင့် နောက်တစ်ကြိမ်မိသားစုတွေပြိုကွဲသွားမှာကိုလည်း သူမကအစိုးရိမ်ကြီးစိုးရိမ်နေတယ်။

" ကျွန်တော် သူငယ်ချင်းတွေနဲ့ပြိုင်ပွဲရှိနေတာ"

" ငါမင်းကိုမသွားရဘူးလို့မပြောဘူး... အသိလှမ်းပေးခိုင်းတာ သဘောပေါက်ရဲ့လား"

"ကျွန်တော်နောက်ဆိုဖုန်းဆက်ဖို့မမေ့တော့ပါဘူး"

သူ ဒီလိုလေး အပြစ်ရှိကြောင်းဝန်ခံပြီးနောက်မှာ အခန်းထဲဝင်ပြီး အရက်နံ့တွေစွဲကျန်
မနေရစ်စေဖို့ ရေချိုးခန်ထဲဝင်ခဲ့လိုက်တယ်။ အေးမြတဲ့ရေစက်လေးတွေခန္ဓာကိုယ်ပေါ်
ကျဆင်းလာတာကိုခံစားလိုက်ရမှသာ
တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားတော့တယ်။

" ဒီနေ့ ပိုင်ချင်း အားရင် အမေ့ကိုဆေးရုံလိုက်ပို့ပေးပါဦး။ မဆု မအားတော့လို့လေ
ဒီနေ့အရေးကြီးဧည့်သည်နဲ့ချိန်းထားလို့"

သူရေချိုးပြီးအဝတ်စားလဲကာပြန်ထွက်လာတော့ မဆုက ​ပြာယာပြာယာနဲ့ လှမ်းပြောတယ်။

"အမေ့ရက်ချိန်းလား"

"ဟုတ်တယ်ယူသွားရမှာတွေသိတယ်မလား။ဆရာဝန်ကဆေးတွေပေးရင် ဘယ်လိုသောက်ရမှာလဲဆိုတာသေချာ မှတ်ခဲ့ဦးနော်... ပြီးတော့ ဒီမှာပိုက်ဆံ...သွားပြီနော်"

"အော်"

မမဆု ပေးသွားတဲ့ပိုက်ဆံကရေတွက်ကြည့်စရာမလို တစ်သိန်းအုပ်နှစ်အုပ် ဖြစ်တယ်။ သူ့အမေရဲ့လစဉ် ကျန်းမာရေး စစ်ဆေးမူကပုံမှန်ကိုကုန်နေပြီး... သူတို့မောင်နှမတွေကြိုးစားရှာဖွေနေသမျှက ငွေပိုငွေလျှံသိပ်မရှိ။ သို့ပေမယ့် မိသားစုတွ သိုက်သိုက်ဝန်းဝန်းနဲ့နွေးထွေးနေပြီး အထီးကျန်တယ်ဆိုတာထက်ရှုပ်ယှက်ခက်တဲ့နေ့ရက်တွေက
ပိုများလာတာဖြစ်တယ်။ထို့ပြင် ပိုင်ချင်းကလည်း ဒီလိုမျိူးလေး မိသားစုနဲ့ အတူဆူညံနေရတာကိုသဘောကျတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now