Unicode
"မင်းတို့အိမ်လေးကို ရန်လင်းယံ က ရောင်းခဲ့တာမဟုတ်ပဲ ပိုက်ဆံလှည့်ဖို့အိမ်ဂရံကို ခဏအပ်ထားခဲ့တာတဲ့။ Dream Doမှာအလုပ်လုပ်လို့အကြွေးကျေသွားရင် အိမ်ဂရံပြန်ပေး
ရမယ်လို့ ဆိုင်ဖနဲ့ သဘောတူထားခဲ့ကြတာတဲ့...ပြောရရင်သူလည်းအလိမ်ခံရသူဖြစ်နေခဲ့တာ "ဘာကို....ဒါကဘာကိုပြောနေတာလဲ။ ပိုင်ချင်းမှာမျက်လုံးပြူးပြူးလေးဖြစ်သွားရတယ်။ ဒီနှစ်တွေထဲမှာ ဒီအကြောင်း အရာလေးအတွက်ကြောင့်နဲ့သူ ဘယ်လောက်တောင်မှ
ရင်ကွဲမတတ်ခံစားခဲ့ရသလဲ။ သူ ချစ်မိတဲ့သူဟာသူ့ဆီကိုအချစ်အတွက်မဟုတ်ပဲလိမ်လည်ဖို့အတွက်ရောက်လာတာ
ဆိုပြီးသူ့မှာဘယ်လောက်တောင်မှ ခေါင်းအုံးတွေစိုရွှဲအောင် ငိုကြွေးခဲ့ရသလဲ။" ကိုယ် လည်း ကြားကြားချင်းမယုံမိဘူး။ မင်းကိုယ့်ဆီကိုရောက်လာခဲ့တာ ဒီအကြောင်းအရာကြောင့်ပဲလေ။ ကိုယ်
ဘယ်တော့မှမမေ့သလိုမျိုး ပိုင်ချင်းမင်းလည်းမေ့သေးမှာမဟုတ်ဘူးဆိုတာကိုယ်သိတာ။ ရန်လင်းယံက Dream Do က လူတွေကို ကိုယ်တို့ဝိုင်းဖမ်းကြတဲ့အချိန်မှာ
ခေါင်းကိုအပြင်းအထန်ရိုက်ခံခဲ့ရတယ်
ပိုင်ချင်း.... သူ အချိန်တွေအကြာကြီးကုသမူခံယူခဲ့ရပြီးမှ ပြန်နိုးထလာခဲ့တာ။ ပြန်နိုးလာတဲ့အခါမှာအရာအားလုံးကိုအခြတကျဖြစ်ဖို့... အချိန်တွေ ယူခဲ့ရသေးတယ်""အချိန်ယူရတယ်ဘယ်လိုမျိုး.... ကိုစိုင်းကရော ဒါတွေဘယ်လိုသိတာလဲ"
" ကိုယ်အတူတူရှိနေခဲ့တာ ပိုင်ချင်း။ ကိုယ်က Drem Do ကိုဖမ်းဆီးဖို့အဲ့တုန်းကတာဝန်အပြည့်နဲ့ ရှိနေခဲ့တာ...သူ သတိရလာတော့လင်းယံကတစ်လျှောက်လုံးမှာ မင်းကိုပဲရှာဖွေနေခဲ့တာပါ ချင်လေး။ ကိုယ်က သူ လူလိမ်တစ်ယောက်လို့ထင်ခဲ့မိတဲ့အတွက်ရော၊ သူတို့တစ်မိသားစုလုံးကို မကောင်းတဲ့လူတွေလို့ ထင်ခဲ့မိတဲ့အတွက်ရော ဘယ်သူ့ကိုမှ မယုံကြည်နိုင်လို့ မင်းကိုမပြောပြခဲ့မိတာပါ ။ ဒါပေမယ့် အခုတော့ သူတို့ကကိုယ်ထင်သလောက်လည်း အဆိုးကြီး ဟုတ်မနေပြန်ဘူး...... စ်ိတ်မကောင်ပါဘူး ကိုယ် အစောကြီးကတည်းကဒါတွေကိုသ်ိခဲ့သင့်တာ... "

YOU ARE READING
THE MAN THE CROOKED (COMPLETED)
AlteleMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...