Unicode
"ကိုယ်သွားပြောလိုက်မယ် "
အခုချိန်မှာ တစ်မိသားစုလုံး ဘယ်သူကမှ ပုံမှန်စိတ် မဖြစ်နေဘူးဆိုတာ ချမ်းမင်းသော်သိနေတယ်။ ဒါကြောင့် သူကပဲ အပြင်ထွက်တွေ့ဖို့ဆုံးဖြတ်ရင်း ရန်လင်းယံရှေ့ကို ရောက်သွားတော့တယ်။
" မင်း ပြန်လိုက်တာကောင်းမယ်ရန်လင်းယံ"
သူ ဒီကောင်လေးကိုအများကြီးသဘောကျခဲ့မိပါလျက် အခုလို ခပ်ရင့်ရင့်မျက်နှာထားနဲ့ မောင်းထုတ်ရတဲ့ နေ့ရက်ကို ရောက်လာခဲ့တာပဲ။ လင်းယံက ကိုချမ်းကို ညိုးငယ်စွာ
ကြည့်ရင်းသူ့ဆန္ဒပြင်းပြမူကို ဖော်ထုတ်ဖို့ကြိုစားချင်တဲ့ အတွက် နောက်မဆုတ်ဖို့ကိုပဲ ရွေးချယ်လိုက်တယ်။" ကိုချမ်း... ကျွန်တော် မမဆုလတ်မေနဲ့စကားပြောချင်တယ်"
ရန်လင်းယံပုံစံက အလွန်တရာမှခယနေဟန်လေး။ ရုတ်တရက် ပိုင်ချင်းနောက်လိုက်လာတယ်လို့ထင်နေတဲ့ ချမ်းမင်းသော် မှာ အံ့သြရိပ်လေးဖြစ်ပေါ်သွားတယ်။
" ဆု ကို မင်းက ဘာပြောချင်လို့လဲ "
ချမ်းမင်းသော် ကမေးတယ်။ သူ့အမျိုးသမီးက ခုချိန်စိတ်အခြေအနေအဆိုးဆုံးဖြစ်နေတာ။ သူတွေးနေစဉ်မှာ လင်းယံကရုတ်ချည်ဒူးထောက်ထိုင်ချလိုက်တာကြောင့် သူ
လန့်ပြီးထခုန်မိမလိုတောင်ဖြစ်သွားရတယ်။" မဆုကိုတောင်းပန်ချင်တယ်။ ကျွန်တော်ဖြစ်ခဲ့တာတွေ အားလုံးအတွက် ကိုချမ်းတို့ကိုတောင်းပန်ချင်တယ်... ကျွန်တော် ကိုချမ်းတို့အားလုံးဆီက ခွင့်လွှတ်မူကိုရမှဖြစ်မယ် "
အဲ့ဒါမှ သူကလင်းပိုင်ချင်းကို လက်ဝယ်ပြန်ရရှိတော့မှာမလို့..။နောက်ပြီး လူနှစ်ယောက် က တစ်ယောက်တည်းအဖြစ်ပေါင်းစည်းရတော့မယ်ဆိုတဲ့အချိန်အခါမှာ သူ့ပတ်ဝန်းကျင်ကလူ တွေရော ကိုယ့်ပတ်ဝန်းကျင်ကလူတွေရောကိုအလေးထားဖို့
လိုအပ်တယ် ဆိုတာကို သူသဘောပေါက်လာခဲ့တယ်။ သူကလည်း သူ့ဘက်ကနေ ကြည့်ရူ့စရာတွေရှိသလို ပိုင်ချင်းမှာလည်းရှိနေတယ်။ လူတွေကမွေးလာစဉ်မှာတစ်ယောက်
တည်းလို့ဆိုကြပေမယ့် မိသားစုတွေရှိနေကြသေးတာပဲ။ ကိုချမ်းပြောတဲ့' မင်းဒီတစ်ခေါက်ဂရုစိုက်ရမှာပိုင်ချင်းတစ်ယောက် တည်း မဟုတ်ဘူး' ဆိုတဲ့စကားက ပိုင်းချင်းဘေးက ပိုင်ချင်းကိုအလေးထားတဲ့သူတွေရဲ့စိတ်သဘောထားကိုလည်း သိမ်းယူရမယ်လို့ဆိုလိုတာ။ လင်းယံကဒူးထောက်ရင်း
လက်သီးကိုတင်းတင်းဆုပ်လို့ အားယူလိုက်ပြီး...

YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...