Part - 47

281 28 5
                                    

Unicode

" ကျွန်တော်သေချာပေါက် သူ့ဆီရောက်အောင်ပြန်သွားမှာပါ"

အမှတ်တရတွေအများကြီးရှိတဲ့အဲ့ဒီနေရာလေးဆီမှာ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုပထမဆုံးခံစားမိအောင်လုပ်ပေးနိုင်ခဲ့တဲ့သူပဲ။ လင်းပိုင်ချင်းရဲ့လက်လေးတွေ
သေးသွယ်သလိုထင်ရပေမယ့် မထင်ထားလောက်အောင်သန်မာတဲ့အားအင်တွေရှိနေတယ်။ သူများကိုဒုက္ခပေးရမှာ အားနာတတ်ပြီး ကိုယ်တိုင်လုပ်နိုင်စွမ်းရှိဖို့ကြိုးစားပုံလေးက ကြည့််နေရသူကို တောက်ပတဲ့ကြယ်လေးတွေအလား စုဝေးနေတယ်လို့ထင်ရစေတယ်။

အရင်အကြောင်းတွေပြန်တွေးရင်း ကြာလာတာနဲ့အမျှလင်းယံကိုယ့်ကိုယ့်ကိုယ် အားနဲလာပြီဆိုတာသိလာတယ်။ဒီထဲမှာ
ရှိနေတဲ့ သူတွေအားလုံးဟာလည်းပိန်လှီနေပြီး အမျိုးသမီးနဲ့ကလေးငယ်တွေမို့ဘာမှ
မလုပ်နိုင်ဘူး။ဒါကြောင့် ဦးလေးကြီးက သူရောက်လာတော့ပျော်ရွှင်ပြီးစကားတွေလာပြောနေတာဖြစ်မယ်။ သူ ဒီကိုရောက်လာတုန်းက ဝိုင်းမှာနိုင်အောင်မဆော့နိုင်တဲ့သူ၊ အလုပ်အတွက်အသုံးမဝင်တော့တဲ့သူတွေကို ဖျောက်ပစ်တတ်ကြတယ်လို့ပြောသံကြားမိပေမယ့် ဒီလို ပိတ်လှောင်ပြီးသေအောင်ထားမယ်လို့တော့မထင်ခဲ့ဘူး။

ရေမတိုက်၊အစားအသောက်မကျွေးပဲ သူတို့တွေဘယ်နှစ်ရက် လောက်များအသက်ရှင်နိုင်မလဲ။ဒီအတိုင်းဆို သူတကယ်ကြီး
သေသွားရတော့မှာလား။ လင်းယံက ခြောက်ကပ်ပိန်လှီနေတဲ့ကလေးတွေနဲ့အမျိုးသမီးတွေကိုကြည့်ရင်း မေးရိုးတွေတင်း သွားတယ်။ ဒီအားကိုးရာမရှိသနားစရာကောင်းတဲ့သူတွေကိုထားခဲ့ပြီး သူသာ
ဒီအတိုင်းသေသွားမယ်ဆိုရင်သူက
ရန်လင်းယံ ပီသပါဦးတော့မလား။

"မလုပ်ပါနဲ့... ကျုပ်မိန်းမကို မခေါ်သွားပါနဲ့"

ထိုချိန် လူမိုက်သုံးလေးယောက်ဝင်လာပြီး လမ်းမလျှောက်န်ိုင်တဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းမသယ်နေကြတာကြောင့်လင်းယံကိုစကားတပြောပြောဖြစ်နေတဲ့ဦးလေးကြီးက
မျက်ရည်ပေါက်ကြီးငယ်ကျမတတ် တောင်းပန်ဦးခိုက်ရင်းလူမိုက်တွေရဲ့ခြေထောက်ကိုသွားမရအောင်ဖမ်းဆွဲထား
တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now