Part - 59

291 27 5
                                    

Unicode

"ဒီလိုမျိုး ကျောင်းကိုအတူတူရောက်သွားရင်ထူးဆန်းနေမလား"

ပိတ်ရက်တွေကပြီးသွားပြီ။ ပိုင်ချင်းက အိမ်ကိုမပြန်တော့ပဲ ရန်လင်းယံအိမ်ကနေ ကျောင်းကို သွားဖို့ပြင်ဆင်နေတယ်။

" ဘာထူးဆန်းစရာရှိလဲ... ငါမင်းကိုပုခုံးပေါ်ထမ်းပြီးတောင် ခေါ်သွားဖူးတယ်လေ"

မှန်ကြည့်ဆံပင်ကိုပြင်နေရင်းပိုင်ချင်းပြောတော့ရန်လင်းယံက သူ့အနောက်ကရောက်လာပြီး ပုခုံးပေါ်လက်တင်ကာ မှီရင်း
မှန်ကိုကြည့်လျက်ဆိုတယ်။ မှန်ထဲပေါ်လာတဲ့လူနှစ်ဦးရဲ့ပုံရိပ်ကအရမ်းလိုက်ဖက်တယ်လို့ထင်တယ်။

"အဲ့တာက မတူဘူးလေ"

အခြေခံကျောင်းသားဘဝကအကြောင်းကိုပြန်အမှတ်ရမိတိုင်း ရှက်စရာအရမ်းကောင်းတယ်။ ပိုင်ချင်းက တံတောင်နဲ့ထိုးတော့
လင်းယံကရယ်ပြီးပိုင်ချင်းပါးကိုမွှေးလိုက်တယ်။ ပြီးနောက်ပြင်ဆင်ထားတဲ့ဆံပင်တွေကို လက်ငါးချောင်းနဲ့ အားရပါးရ ဖွပစ်လိုက်တယ်။ ဒီအခါ အချိန်ယူကြိုးစား
ပြင်ဆင်ထားရတဲ့ပိုင်ချင်း က စိတ်တိုပြီး လက်သီးလက်မောင်းတန်းလျက် လိုက်ထိုးတော့တယ်။ လင်းယံက ကျောင်းအိတ်ကို
အမြန်ကောက်ဆွဲကာ ပိုင်ချင်းမမိအောင်ပြေးရင်း နောက်လှည့်ကာ စနောက်နေသေးတယ်။

" ပေါင်မုန့်လုံးလေး မင်းခြေထောက်တွေက တိုလိုက်တာ"

"ငါ့ကိုတွေ့တဲ့သူတိုင်းအရပ်ရှည်တယ်ပဲပြောတာ. ..မင်းကသာ ဓာတ်တိုင်ဖြစ်နေလို့ငါမမှီတာ"

"ဘယ်သူပြောတာလဲ ပြောတဲ့လူကမျက်လုံးမကောင်းတာပဲဖြစ်မယ်"

လင်းယံက နောက်ပြန်လျှောက်နေလျက်
ပိုင်ချင်းက သူ စ လိုက်တိုင်းပါးတွေ ပိုးဖောင်းလာတာကိုကြည့်ရတာပျော်နေတယ်။ ဘဝမှာလူတစ်ယောက်စိတ်ဆိုးတာကဒီလောက်ထိ
ချစ်စရာကောင်းမှန်မသိခဲ့ဖူးဘူး။ နှုတ်ခမ်းတွေထော်ကာပါးတွေကမို့အစ်ပြီးဆွဲညစ်ချင်စရာလေး။ အရမ်းချစ်စရာကောင်းတယ်။

" မင်း များသွားပြီနော် "

ပိုင်ချင်းက ခြေစုံရပ်လိုက်ပြီးရှေ့ဆက်မသွားတော့ဘူး။ ဒီအခါ အစသန်နေတဲ့လင်းယံက သူပြန်ချော့ရတော့မည်ကိုသိကာ အနားကိုပြန်လျှောက်လာတယ်။ ပိုင်ချင်းစိတ်ဆိုး
တာကိုလိုချင်ပေမယ့် တကယ်ကြီးစိတ်ဆိုးမှာကိုတော့ မလိုချင်ပြန်ဘူး။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now