Unicode
" မင်းကိုငါ့လိုဖြစ်မှာစိုးလို့ သတိပေးလိုက်မယ်....သူ့ဆီမှာ အချစ်စစ် ဆိုတာမျိုးမရှိဘူး။ဒီအတိုင်းမင်းဆီကရစရာရှိလို့ကောင်းပေးနေရုံပဲ"
"ဟုတ်လား ရန်လင်းယံ "
မွန်မြတ်ပြောအပြီးမှာ ပိုင်ချင်း ကဒီလ်ိုမျိုး ဘာကိုမှဂရုမစိုက်ဟန်နဲ့လင်းယံကိုမေးလိုက်တယ်ဆိုပေမယ့် သူ့ရင်ထဲမှာ မီးစတစ်ခုကတစ်စထက်တစတောက်လောင်လာကာ
မီးတောက်ကြီးသဖွယ်ဖြစ်လာနေတယ်။ လင်းယံဘယ်လိုပြန်ဖြေလိမ့်မလဲဆိုတာက တရာသူကြီးသူ့ကိုသေမိန့်ချပေးတော့ဖို့စောင့်ဆိုင်းနေရသလိုပဲ... တစ်ကိုယ်လုံး
အေးခဲပြီးရင်ထဲမှာပူနေတယ်။ ဒီအခိုက်အတန့် လေဟာနယ် တစ်ခုလုံးတိတ်ဆိတ်နေပြီးသူတစ်ယောက်သာသက်ရှင်ကျန်ရစ်နေသူလိုခံစားလိုက်ရတယ်။" မင်းဆီက ငါယူနေတာလာ မင်းကငါ့ဆီကယူနေတာလား၊ အခုချိန်မှာပေးစရာရှိနေတာကဘယ်သူလဲ။ အခြေအမြစ်မရှိ ကြောင် တောင်တောင်စကားတွေကိုမင်းကယုံနေတာလား "
ယိမ်းယိုင်ခြင်းအလျဉ်မရှိ ဖြောင့်မတ်စွာထွက်ကျလာတဲ့ စကားသံက မွန်မြတ်စကားကိုမဟုတ်ဘူးလို့ငြင်းရာလည်း မကျသလိုဝန်ခံရာလည်းမကျဘူး။ သို့ပေမယ့် ဒီလိုမတင်မကျ အဖြေလေးက ပိုင်ချင်းကိုစိတ်
အနဲငယ်ငြိမ်သွားစေနိုင်တယ်။ စိုးရိမ်နေတဲ့မျက်နှာလေးက ချက်ချင်းလိုစိတ်ချသွားတဲ့
အရိပ်လေးဖြတ်ပြေးသွားတယ်။ ပိုင်ချင်းကိုအလွတ်ရနေတဲ့ လင်းယံကဒါကိုမြင်တဲ့အခါပြုံးလိုက်ချင်ပေမယ့် မျက်နှာကို ဘာခံစားမူမှမရှိသလိုတင်းမားထားပြီး မွန်မြတ်ကိုကျော်ကာ ပိုင်ချင်းဆီကိုတန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်။ ပြီးနောက် ပိုင်ချင်းလက်ထဲကစက်ဘီးကိုသူ့လက်ထဲပြောင်းယူ
လိုက်ပြီး တွန်းကာနောက်လှည့်မကြည့်ပဲဆက် လျှောက်သွားတယ်။" မောင်သေချာသွားပြီလား.. နောင်တမရဘူးဆိုတာ"
ရှေ့ကို သူနှစ်လှမ်းသုံးလမ်းလောက်လျှောက်ပြီးချိန်မှာ စိတ်လှုပ်ရှားပုံပေါ်နေတဲ့ မွန်မြတ်ရဲ့သတိပေးသံ ထွက် လာတယ်။ ဘယ်သူ့ကိုလာကစားချင်နေတာလဲ။ အစွယ် သေးသေးလေက ဆင်တစ်ကောင်ကိုငါတတ်နင်းလို့သေဦးမယ်လို့ကြိမ်းမောင်းနေသလိုပဲ။ လင်းယံကတုံ့ပြန်စကားမဆိုဘူး။ပုံမှန်ဆိုသူကစကားများတတ်ပေမယ့် ဒီလိုဦးနှောက်ကိုအသုံးချရတော့မယ့်နေရာမှာဆိုသူကစကားနည်းနည်း
ပြောပြီးအလုပ်နဲ့ပဲသက်သေပြတာများတယ်။

YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...