Unicode
ဒီနေ့မတိုင်ခင်အထိ လူတစ်ယောက် ကိုအနားမှာအမြဲတမ်း ရှိနေစေချင်ခဲ့တဲ့အတွက်အဲ့ဒါကိုအချစ်လို့ သတ်မှတ်ခဲ့ပြီး အချစ်ဆ်ိုတာကိုသိနားလည်ခဲ့တယ်။ သို့ပေမယ့်အချစ်က
ဘယ်လောက်ထိကြီးထွားပြီးဘယ်အတိုင်း အတာထိသွားနိုင်လဲ ဆိုတာကိုမသိဘူး။ ဒီအချစ်ကြောင့် ချစ်ရသူကိုမနာကျင်စေချင်သလို အမြဲတမ်းပျော်ရွှင်သွားစေချင်တယ်။
သူနဲ့သာမဟုတ်ဘူးဆိုရင်ဒီလောက်ထိ ငိုကြွေးနေခဲ့ရမှာမဟုတ်ဘူးလို့တွေးမိတဲ့အခါ သူကအမှောင်ကြီးထဲမှာတစ်ယောက်ထဲဆက်နေသွားသင့်တဲ့လူတစ်ယောက်လို ခံစားလိုက်ရတယ်။ ဒါကြောင့် မမဆုက'မင်းပိုင်ချင်းအနားကထွက်သွားလို့'ပြောတဲ့အခါ စိတ်တွေဇဝေဇဝါဖြစ်ခဲ့ရတယ်။ သူသာလမ်းခွဲပေးလိုက်ရင်ပိုင်ချင်းကပိုပြီး အဆင်ပြေပြေ
နေထိုင်နိုင်မှာလားလို့... ။"ပိုင်ချင်း "
နှုတ်ဖျားက တုန်ယင်စွာရွတ်ရင်း လင်းယံကပိုင်ချင်းကို တင်းကြပ်စွာဖက်ထားတယ်။
ဒီအခါလင်းယံကနာကျင်မူများကြားက
ရီဝေစွာကြည့်လာတယ်။"ငါတို့လမ်းမခွဲကြေးလို့ပြောထားတယ်လေ"
ချွေးတို့ကနဖူးစတွေမှာပြည့်နေပြီး ဒဏ်ရာကသွေးတွေ ဆက်တိုင်ထွက်နေမူကြောင့်
ပိုင်ချင်းမျက်နှာလေးကပြောရင်း
ရှုံ့တွသွားပေမယ့် ရယ်ပြဖို့ကြိုးစားနေတယ်။ ဒီအချိန်မှာ လင်းယံနားလည်လိုက်တာတစ်ခုက အချစ်ဆိုတာ ကိုယ်ချစ်ရသူကိုကာကွယ်နိုင်ဖို့ ကိုယ့်အသက်ကိုပေးလိုက်ရလည်း
ဖြစ်တယ်ဆိုတာပါပဲ ။ အချစ်ကဒီလောက်အထိစွမ်းအား ကြီးမားတယ်။ လင်းယံက
ပိုင်ချင်းရဲ့ ဒဏ်ရာကိုလက်နဲ့ ဖိထားပေးပြီးမျက်နှာကိုရင်ခွင်ထဲအတင်းဝှက်ထားလိုက်တယ်။ နောက်တစ်ချက်ကျရောက်လာမယ့်ဓါးကသူ့ကိုယ်ပေါ်မှာပဲ ဖြစ်ပါစေ။"ဒိုင်း!"
ထိုချိန် သေနတ်သံအကျယ်ကြီးကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားတယ်။ သူတို့နှစ်ယောက် လုံး လန့်သွားပြီးမှ အနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါ ဆိုင်ဖရဲ့ ပေါင်မှာ
သေနတ်မှန်သွားပြီး မြေပြင် ကိုလဲကျသွားတယ်။ သို့တိုငယသူကပြန်ထူထပြီးထွက်ပြေးဖို့ကြိုးစားတဲ့အခါ သေနတ်ပိုင်ရှင်
စိုင်မင်းကိုက ခါးကြားက လက်ထိပ်ကိုအမြန်ထုတ်လျက် ဆိုင်ဖကိုခုန်အုပ်ကာ ဖမ်းဆီးလိုက်တယ်။ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားတဲ့အခြေအနေမှာ လင်းယံနဲ့ပိုင်ချင်းက
တအံ့တသြနဲ့ကြောင်တောင်တောင်လေးတွေဖြစ်သွားကြတယ်။လွန်ခဲ့တဲ့မိနစ်ဝက်လောက်ကအထိသူတို့သေရတော့မယ်လို့တွေးနေခဲ့မိကြတာ။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...