Unicode
ဟမ်?ဘာဖြစ်နေတာလဲ... ငါလိုးပဲ။
ခြံထဲတောင်မဝင်ရသေး မြင်လိုက်ရတဲ့မြင်ကွင်းအနေအထားက တစ်ချိန်လုံးအဆင်ပြေမနေတဲ့ သူ့စိတ်ကိုပိုလို့တောင်
အရုပ်ဆိုးသွားစေတယ်။ မိုက်ကြေးသမားရဲ့ခြေထောက် အောက်မှာပိုင်ချင်းက ပျော့ခွေနေပြီး မျက်နှာမှာလည်း သွေးတွေနဲ့ဖူးယောင်နေပြီ။ သောက်ကျိုးနည်း ဒီအကြွေးတောင်း
သမားတွေက လာတိုင်းလူကိုရိုက်နေတာလား။ တွေ့ကြ သေးတာပေါ့ ။လင်းယံမှာ ဘေးဘီဝဲယာကို ကြည့်၍အမြန်ရှာဖွေလိုက်ပြီး ရိုက်လို့ရတဲ့ ကျောက်ခဲတုံးကြီးကြီး တစ်တုံးကိုအမြန်ကောက် ယူကာ ခြံထဲကိုပြေးဝင်သွားလိုက်တယ်။ ပြီးနောက်
ပိုင်ချင်းကို ရိုက်ဖို့ရွယ်နေတဲ့လူကိုနောက်
ကနေ အားရပါးရအရှိန်ပြင်းပြင်းပဲ ကျောက်ခဲတုံးနဲ့ ထုရိုက်ပစ်လိုက်တော့တယ်။"ငတုံးရှောင်လေ... မင်းဦးနှောက်ကချီးဖြစ်နေတာလား"
တစ်ဆက်တည်း အသေခံတော့မလို ခေါင်းထိုးပေးနေတဲ့ ပိုင်ချင်းကိုသူလှည့်အော်လိုက်သေးကာ... နောက်တစ် ယောက်ကိုပါ
တံတောင်နဲ့တွတ်လိုက်တယ်။ သူ့လှုပ်ရှားမူက
မြန်လွန်းတာကြောင့် ပိုင်ချင်းကိုပဲအမဲဖြတ်ချင်နေကြတဲ့ အကြွေးတောင်းသမား တွေ
မရှောင်နိုင်ဖြစ်သွားကြပြီး အထိနာသွားကြတယ်။ တစ်ယောက်ကတော့ ကျောက်ခဲတုံးနဲ့အရိုက်ခံရမူကြောင့် နောက်စေ့ပွင့်သွားကာ သွေးတွေ မတရားထွက်လျက် လဲကျသွားပြီးပြန်မထနိုင်တော့။ ဒီအခါ နောက်တစ်ယောက်က ရိုက်ခံလိုက်ရတဲ့လူကို ပြေးပဲ
ထူရတော့ မလိုလို... သူ့ကိုပဲပြန်တိုက်ခိုက်တော့မလို ဗျာများ သွားတော့တယ်။လင်းယံက ဒီအခြေအနေကိုအခွင့်ကောင်းယူကာ ရိုက်ခံ လိုက်ရတဲ့ လူလွတ်ကျသွားတဲ့တုတ်ကိုပြေးကောက်လျက်...အကောင်းအတိုင်းကျန်နေတဲ့တစ်ယောက်ကို တစ်ရှိန်ထိုး ဝင်ရိုက်လိုက်တယ်။ ပထမတစ်ချက်မမိ... ဒုတိယတစ်ချက် လည်း မိုက်ကြေးသမားက ရှောင်နိုင်သွားပြန်တယ်။
အရှောင်ကောင်းတယ်ပေါ့။
လင်းယံတင်းသွားကာ အောက်နှုတ်ခမ်းကိုခပ်ကြမ်းကြမ်း ကိုက်မိသွားပြီး လှုပ်ရှားမူကိုခဏရပ်လိုက်တယ်။ ဒီအခါ ဟိုလူက သူ့ကို
ဝင်ရိုက်လာလေတော့ သူက တုတ်ကို
လှမ်းဖမ်းပြီး ထိုလူရဲ့လမ်ဖျံ ကိုရိုက်ချပစ်လိုက်တယ်။ ဒီလောက်အရှောင်ကောင်းတာ သေစမ်း။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...