Unicode
မနေ့ညက အလွန်ပူပြင်းပြီးလောင်ကျွမ်းစရာကောင်းတဲ့အိမ်မက်တစ်ခုကို ပိုင်ချင်းမက်ခဲ့တယ်။ အဲ့ဒါက အစပိုင်းမှာအရမ်းနာကျင်တယ်ဆိုပေမယ့် နောက်ပိုင်းကျတော့ ကောင်း
သွားလိမ့်မယ်လို့ ရန်လင်းယံကတတွတ်တွတ်ချော့ပြောနေတာကြောင့်သူနာကျင်မူကိုကြိတ်ခံခဲ့ရတယ်။ ရလာဒ်အနေနဲ့ မနက်ရောက်လို့သူနိုးလာတဲ့အခါ တစ်ကိုယ်လုံးလမ်းကြိတ်
စက်နဲ့ကြိတ်ခံထားရသလိုဖြစ်နေတာကိုခံစားလိုက်ရတယ်။ ခါးရိုးတစ်လျှောက်က နဲနဲမှလှုပ်ရှားကြည့်လို့မရအောင် ဖြစ်နေပြီး အနောက်ပေါက်လေးကတော့ကျိန်းစက်နေတယ်။ ဒါကိုသတိထားမိတဲ့အခါ ရန်လင်းယံကို သူ သတ်ပစ်ချင် လာတယ်။ သို့ပေမယ့်သူ့မှာလက်လေးမြောက်ဖို့တောင် အားမရှိဘူး။ ဒါကြောင့် ပါးစပ်ကိုပဲအလုပ်ပေးလိုက်တယ်။"ခွေးကောင် ရန်လင်းယံ မင်းကလူမဟုတ်ဘူး"
အလွန်အားကောင်းလှတဲ့ဘီးလူးတစ်ကောင်ဝင်စားတာဖြစ်လိမ့်မယ်။ သူ့ရဲ့မကျေနပ်စွာဆဲရေကျိန်ဆဲမူကို ရန်လင်းယံက ခေါင်းအုံးပေါ်လက်ထောက်ကာပြုံးပြုံးကြီးကြည့်ခြင်းအားဖြင့်တုန့်ပြန့်လာတယ်။ သူ့ မျက်နှာကတော်တော်လေးကို အရေထူပြီး ပြုံးရွှင်နေပုံက အစာဝနေတဲ့ကြောင်ပါးလေးနဲ့တောင်
တူတယ်။" ငါ့ရဲ့အင်အားဘယ်လိုနေလဲ"
ကိုယ်ကိုယ့်ကိုယ် ယုံကြည်မူအပြည့်နဲ့တည်ဆောက်ထားတဲ့ မျက်နှာထားမှာချောမောမူကပေါင်းစပ်ထားပြီး ခပ်သြသြ
အသံလေးထွက်လာတယ်။ ပိုင်ချင်းအမြဲတမ်းဒီလိုရန်လင်းယံကိုအသေးစိတ်
ကြည့်ရှူ့မိတဲ့အခါ ရှက်ရှက်သွားရတယ်။
သူစိတ်တိုနေတယ်ဆိုရင်တောင်ရန်လင်းယံရဲ့ချောမောတဲ့ မျက်နှာကြောင့် စိတ်တိုတာတွေမေ့သွားရတယ်။ အဲ့လောက်ထိကို
ရန်လင်းယံ ကမဟာဆန်နေတာဖြစ်တယ်။"တော်စမ်းပါ ဝေးဝေးနေ"
လင်းယံအမေးကိုသူ ပြန်ဖြေရမှာရှက်လွန်းလို့စိုက်ကြည့်နေတဲ့ မျက်နှာကြီးကိုသာတွန်းထုတ်ပစ်လိုက်တယ်။ ဒီအခါလင်းယံကရယ်မောနေရင်း ပိုင်ချင်းလက်ကိုလိုက်ဖမ်းကာသူ့လက်ထဲမှာဒီအတိုင်းဆုပ်ရင်းပြောလာတယ်။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...