Part - 57 🛑

558 32 2
                                    

Warning 🔞‼‼‼‼

Unicode

ကျွန်တော်ကဘာကြောင့်ဉာဏ်ကောင်းတဲ့လူဖြစ်ရမှာလဲ ဆိုတာ နားမလည်ဘူး။ သေချာသလောက် သူများတွေထင်သလောက် သူက ဉာဏ်မကောင်းတာလဲဖြစ်နိုင်တယ်။ တကယ်လို့သာ သူကဉာဏ်ကောင်း တဲ့လူဆိုရင် အခုတစ်
ခေါက်မှာပိုင်ချင်းကိုပြန်လိုချင်ရင်ဂရုစိုက်ရမှာပိုင်ချင်း တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ စကားကိုအလွယ်တကူ နားလည်
လိမ့်မယ်။

" ကိုချမ်းက ဘာလာပြောနေတာလဲ"

ဒီချိန်ပိုင်ချင်းက ရောက်လာပြီး သိချင်စိတ်လေးနဲ့မေးတယ်။ ပိုင်ချင်းမျက်နှာမှာတစ်ခုခုကိုစိုးရိမ်နေတဲ့ခပ်ပါးပါးအရိပ်လေး
ပေါ်နေတယ် ။ ဒါက ပိုင်ချင်းကိုသိလာတဲ့ သူ့ရဲ့ တိုးတတ် လာစွမ်းလား။ သူ ပိုင်ချင်းကို အရမ်းတွယ်တာတယ်ဆိုတာ သူပဲသိတယ်။ အချစ်ဆိုတဲ့စကားလုံးမပါပဲနဲ့တောင် တစ်
သက်လုံးအတူရှိချင်တဲ့သူကိုရွေးဆိုရင် သူပိုင်ချင်းကိုပဲ တွေ ဝေခြင်းမရှိရွေးချယ်မှာ။ ပိုင်ချင်းကို စောင့်ရှောက်ပေးဖို့လ်ိုအပ်
တာလား။ ပိုင်ချင်းက သူစောင့်ရှောက်ပေးရအောင်ပျော့ညံ့တဲ့သူမှမဟုတ်ပဲ။နဲနဲလေးတုံးအတာကလွဲရင် သူ့ကိုယ်သူ ယောကျာ်း
တစ်ယောက်ဆိုတာကို ဝင့်ကြွားပြနိုင်တဲ့သူမျိုး။ သူများအကူအညီထက် သူကိုယ်တိုင်လုပ်ဆောင်ရတဲ့တိုးတတ်နိုင်စွမ်းကိုသဘောကျတယ်။ ပိုင်ချင်းကဒီအတိုင်း
လည်းအဆင်ပြေနေတာပဲမလား။ဒါမှမဟုတ် မဖြစ်မနေ  သူကစောင့်ရှောက်ပေးရမယ် ဆိုရင်ဘယ်လိုအရည်အချင်းတွေ လိုအပ်နေသေးတာလဲ။ ဒီအကြောင်းသူအသေအချာစဉ်းစားမှဖြစ်တော့မယ်။

" မတွေ့တာကြာပြီတဲ့ "

လင်းယံကတွေးတောစဉ်းစားနေရင်းတစ်လုံးခြင်းလေးလေးပင်ပင်ဖြေတယ်။ ပိုင်ချင်းက သူတို့နှစ်ယောက် စကားရပ်ပြော နေတာကို
ဒီလောက်ပဲလို့ထင်သွားပုံရပြီး သူနဲ့ပုခုံးချင်းထိသည် အထိ ကပ်လာတယ်။ ပြီးတော့နား နားကိုစိတ်လှုပ်ရှားဟန်နဲ့တိုးတိုးလေး ပြောလာတယ်။

"မင်းသိလား။ငါအဖေ့ကိုပြောခဲ့တယ် ဒီနေ့ သူငယ်ချင်းအိမ်မှာ အိပ်မှာလို့ "

THE MAN THE CROOKED (COMPLETED)Where stories live. Discover now